• Follow Us on

Home ရုရှားကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ပထမဦးဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သတင်းတွေထွက်ပေါ်

ရုရှားကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ပထမဦးဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သတင်းတွေထွက်ပေါ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ယူကရိန်းထိန်းချုပ်ထားတဲ့ ရုရှားကာ့စ်ခ်ဒေသမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ပထမဦးဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လစ်သူယေးနီးယား Blue/ Yellow NGO အဖွဲ့ခေါင်းဆောင် ဂျိုးနက်စ်အိုမန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

Blue/ Yellow NGO အဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကူညီနေတဲ့အဖွဲ့အစည်းဖြစ် ပြီး ယူကရိန်းနိုင်ငံရဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေထံကရော ရှေ့တန်းစစ်မြေပြင်ကရော ကနဦးသတင်းတွေကို ရ ရှိနေတဲ့အဖွဲ့ဖြစ်ပါတယ်။

 

အရင်က ဖြစ်စဉ်လေးငါးခုမှာ ယူကရိန်းထောက်လှမ်းရေးအဖွဲ့နဲ့ ယူကရိန်းစစ်တပ်ထဲမှာရှိတဲ့ သတင်းရင်းမြစ် တွေကတစ်ဆင့်ရရှိတဲ့သတင်းတွေကို အိုမန်က ပြန်လည်မျှဝေခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာပါဝင်ဖို့ မြောက်ကိုရီးယားတွေပြင်ဆင်နေတာ ကြာပြီဖြစ်ပြီး ပထမဦးဆုံး သဲလွန်စသတင်းကို လွန်ခဲ့တဲ့ ၆ လ ကတည်းက ရရှိခဲ့တာဖြစ်ပါတယ်။

 

အဲဒီအချိန်က မြောက်ကိုရီးယားတွေဟာ ဘယ်လာရုစ်မှာရောက်ရှိနေပြီး ဘယ်လာရုစ်တပ်ဖွဲ့ဝင်တွေနဲ့အတူ လေ့ ကျင့်သင်ကြားနေပါတယ်။

 

ကနဦးသတင်းတွေအရ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားတွေသိမ်းပိုက်ထားတဲ့ ဒွန်းညက်ဒေသမှာ ရောက်ရှိနေကြပြီး ရုရှားခံတပ်စခန်းတွေ ဆောက်လုပ်ရာမှာ ကူညီဖို့ မြောက်ကိုရီးယားအင်ဂျင်နီယာတပ်ဖွဲ့ဝင် တွေကို စေလွှတ်ထားတာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

တကယ်တော့ ပထမဦးဆုံးမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တစ်ဦးဟာ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ယူကရိန်း စစ်ပွဲမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း LRT news က သတင်းရရှိထားပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတည်းက မြောက်ကိုရီးယားတွေကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်ကို ပို့ ဆောင်ခဲ့ကြောင်းသတင်းတွေရရှိထားပြီး ပထမအသုတ် အင်အား ၁,၅၀၀၊ နောက်ထပ် အင်အင်ား ၁၁,၀၀၀ ကနေ ၁၂,၀၀၀ အထိ အင်အားဖြည့်တင်း ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

 

ရုရှားကိုပို့မယ့် မြောက်ကိုရီးယားအင်အားဟာ ၈၈,၀၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ ထောက်လှမ်းရေးသ တင်းတွေအရ သိထားပါတယ်။

 

သင်္ဘောနဲ့ဖြစ်စေ Antonov AN-124 လေယာဉ်ကြီးတွေနဲ့ဖြစ်စေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို စစ်စခန်းလေးခုမှာ တပ်ဖြန့်ချထားပြီး လေ့ကျင့်သင်ကြားပေးနေတယ်လို့ဆိုပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အဲဒီစစ်စခန်းတွေမှာ ခွေးစားစားကျီးထိုးထိုး ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့တဲ့ အပြင် ရုရှားတပ်မှူးတွေက ကိုရီးယားစကားမတတ်ကြတဲ့အတွက် မြောက်ကိုရီးယားတွေဟာ ရုရှားတွေအတွက် ခေါင်းကိုက်စရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေ ယူဆောင်မလာဘဲ ၎င်းတို့ကို ရုရှားလက်နက်တွေ တပ်ဆင် ပေးထားတယ်လို့ ဆိုပါတယ်။

 

Ref: First North Korean troops killed in Russia, says Lithuanian source: LRT news

 

#PeopleMedia


Share this post