• Follow Us on

Home ရုရှားကိုကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်မယ်ဆိုရင် “အမြောက်စာ” ဖြစ်သွား မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ပြော

ရုရှားကိုကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်မယ်ဆိုရင် “အမြောက်စာ” ဖြစ်သွား မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၇

 

ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူညီဖို့အတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်ဆိုရင် အဲဒီတပ်ဖွဲ့ ဝင်တွေဟာ “အမြောက်စာ” ဖြစ်သွားလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်သာ မြောက်ကိုရီးယားနိုင်ငံက ဆုံးဖြတ်ခွင့်ရှိတဲ့ စစ်ခေါင်းဆာင်ဆိုရင် ယူကရိန်းကိုတိုက်ခိုက်နေတဲ့ ဥပဒေနဲ့မညီတဲ့စစ်ပွဲတစ်ခုမှာ ကျွန်တော့်တပ်ဖွဲ့ဝင်တွေ အမြောက်စာဖြစ်သွားမယ့်အရေးဆုံးဖြတ်ဖို့ ကျွန်တော် တော့ စဉ်းစားမှာပဲ။” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြန်ကြားရေးအတွင်းဝန် ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက အင်္ဂါနေ့ (ဇွန် လ ၂၅ ရက်နေ့) က ပြောပါတယ်။

 

မြောက်ကိုရီးယားက ရုရှားတွေသိမ်းပိုက်ထားတဲ့ ဒွန်းညက်ဒေသအရှေ့ပိုင်းကို ကြည်းတပ် စစ်မြေပြင်အင်ဂျင်နီ ယာတပ်ဖွဲ့တွေ စေလွှတ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ရိုင်ဒါက တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါ တယ်။

 

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသတချို့မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် မြောက်ကိုရီးယားက ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာတပ်ဖွဲ့တွေကို လာမယ့်လမှာ စေလွှတ်သွားဖို့ စီစဉ်နေ ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး တောင်ကိုရီးယား TV Chosun သတင်းဌာနက ပြောပါတယ်။

 

မကြာသေးခင်ကပဲ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးသဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ရာ “တစ်နိုင်ငံ တိုက် ခိုက်ခံရရင် တခြားတစ်နိုင်ငံက စစ်ရေးအရ ဝင်ရောက်ကူညီရမယ်” ဆိုတဲ့သဘောတူညီချက် အဲဒီစာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။

 

အမေရိကန်နဲ့ ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက အဲဒီစစ်ရေးသဘောတူစာချုပ်ကို ပြစ်တင်ရှုတ်ချလိုက် သလို တောင်ကိုရီးယားကလည်း ၎င်းတို့အနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ စဉ်းစား သွားမယ်လို့ ပြောပါတယ်။

 

ရုရှား-မြောက်ကိုရီးယား စစ်ရေးစာချုပ်ဟာ မိမိတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း တောင်ကိုရီး ယားသမ္မတက ပြောပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားကို စေလွှတ်မယ်ဆိုတဲ့သတင်းဟာ အထူးစောင့်ကြည့်ရမယ့်သတင်းဖြစ် ကြောင်း ရိုင်ဒါကပြောကြားလိုက်ပြီး ယူကရိန်းစစ်ပွဲတစ်လျှောက်လုံး ရုရှားတပ်ဖွဲ့ဝင်တွေ အသေအပျောက်များ ပြားနေတာကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စစ်ပွဲစတင်ချိန်ကနေ အခုနှစ် မေလကုန်အထိ ရုရှားဘက်က ကျဆုံး/ဒဏ်ရာရ စစ်သည် အင်အား ၅၀၀၀၀၀ ဝန်းကျင်ရှိသွားပြီဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: North Korean troops will become ‘cannon fodder’ if they aid Russia in Ukraine, Pentagon says

 

#PeopleMedia


Share this post