ရုရှားကို ဒရုန်းတွေတင်ပို့ထားတယ်လို့ သံသယဖြစ်ဖွယ် ဖင်လန်ကုမ္ပဏီနှစ်ခုကို ဖင်လန်အာဏာပိုင်တွေ စစ် ဆေးနေ
PUBLISHED - December 6, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၆
ဖင်လန်နိုင်ငံကကုမ္ပဏီနှစ်ခုဟာ ဥရောပစီးပွားရေးအရေးယူပိတ်ဆို့မှု စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ရုရှားနိုင် ငံကို ဥရောပငွေ သုံးသန်းတန်ကြေးရှိတဲ့ ဒရုန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေတင်ပို့ခဲ့တယ်လို့ သံသယရှိနေ ကြောင်း ဖင်လန်နိုင်ငံ အကောက်ခွန်ဦးစီးဌာနက အင်္ဂါနေ့ (ဒီဇင်ဘာလ ၅ ရက်နေ့) ကပြောကြားလိုက်ပါတယ်။
“စုစုပေါင်း ရာဇဝတ်မှုကျူးလွန်ထားတယ်လို့ သံသယရှိသူ ၆ ဦးရှိပါတယ်။ အဲဒီအထဲက တစ်ဦးကို စက်တင်ဘာ လကတည်းက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။” လို့ အကောက်ခွန်ဦးစီးဌာနက ပြောပါတယ်။ ရလဒ်အဖြစ် ရုရှားနိုင်ငံကို ဒရုန်းအစင်းရေ ၃၅၀၀ နီးပါး ရောက်ရှိသွားခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ကင်းထောက်တာဝန်တွေရော တိုက်ခိုက်ရေးတာဝန်တွေအပါအဝင် အသုံးပြုရာမှာ ဒရုန်းတွေ ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
ကန့်သတ်ထုတ်ကုန်ပစ္စည်းတွေထဲမှာ microcontroller တွေ၊ semiconductor device တွေနဲ့ ဒရုန်းကာကွယ် ရေးပစ္စည်းတွေပါဝင်ပါတယ်။
အဲဒီပစ္စည်းတွေကို တခြားနိုင်ငံတစ်နိုင်ငံကို တင်ပို့ဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမဲ့ နောက်ဆုံးမှာ အဲဒီပစ္စည်းတွေဟာ ရုရှားနိုင်ငံကို ရောက်ရှိသွားတယ်လို့ သံသယရှိနေကြောင်း ဖင်လန်အာဏာပိုင်တွေက ပြောပါတယ်။
ဥပမာအားဖြင့် ဒရုန်းကာကွယ်ရေးပစ္စည်းတွေကို ခွင့်ပြုခဲ့တာက ကာဇက်စတန်နိုင်ငံအတွက် ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
ကုမ္ပဏီနှစ်ခုစလုံးအတွက် တာဝန်ရှိသူတစ်ဦးကို စုံစမ်းစစ်ဆေးနေကြောင်း အကောက်ခွန်ဦးစီးဌာနက ပြော ပါတယ်။ ကုမ္ပဏီနှစ်ခုထဲက ကုမ္ပဏီတစ်ခုဟာ အရေးယူပိတ်ဆို့ထားတဲ့ကုန်ပစ္စည်းတွေနဲ့ ရုရှားနိုင်ငံကို လွှဲပြောင်းပေး လိုက်တဲ့ကုန်ပစ္စည်းတွေကို ကြီးကြပ်ရတဲ့ကုမ္ပဏီဖြစ်ကြောင်း ဖင်လန်အကောက်ခွန်ဌာနက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုအရသိရတာကတော့ အဲဒီပစ္စည်းတွေဟာ ရုရှားကိုရောက်ရှိသွားပြီး ရုရှားနိုင်ငံမှာ အသုံးပြုနေပြီလို့ သိရပါတယ်။” လို့ အကောက်ခွန်ဦးစီးဌာန တရားဥပဒေစိုးမိုးရေးညွှန်ကြားရေး မှူးချုပ် ဟန်နူဆင့်ကိုနန်က ပြောပါတယ်။
အခုဖြစ်စဉ်ဟာ အရေးယူပိတ်ဆို့မှုစည်းမျဉ်းချိုးဖောက်မှု၊ စစ်လက်နက်ပစ္စည်းပြည်ပတင်ပို့ရေးစည်းမျဉ်းချိုး ဖောက်မှုတို့နဲ့သက်ဆိုင်ပြီး ဒီဇင်ဘာလအတွင်းမှာ အစိုးရရှေ့နေကတရားစွဲဆိုပြီး တရားရုံတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်လာပြီးနောက်မှာ ဥရောပသမဂ္ဂအဖွဲ့ဟာ ရေနံ/သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှု၊ နည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတင်သွင်းရေး အပါအဝင် တခြားကုန်ပစ္စည်းတွေတင်သွင်းရေး အတွက် ရုရှားနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှု ၁၂ ကြိမ် ချမှတ်ထားပါတယ်။
Ref: Finnish Firms Suspected of Smuggling Drones to Russia
#PeopleMedia