• Follow Us on
Latest News

Home ရုရှားကို မိနစ် ၃၀ အတွင်း ရောက်ရှိနိုင်တဲ့ ဟိုက်ပါဆောနစ်နျူကီးယားဒုံးကျည်ကို အမေရိကန်စမ်းသပ်ပစ်ခတ်

ရုရှားကို မိနစ် ၃၀ အတွင်း ရောက်ရှိနိုင်တဲ့ ဟိုက်ပါဆောနစ်နျူကီးယားဒုံးကျည်ကို အမေရိကန်စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဇွန် ၅

 

တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ မြင့်တက်လာတဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် အမေရိကန်နိုင်ငံက ဟိုက် ပါဆောနစ်နျူကလီးယားဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်လိုက်ပါတယ်။

 

တတိယကမ္ဘာဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်နေတဲ့ကြားက အခုနျူကလီးယားဒုံးကျည်စမ်းသပ်ပစ်ခတ် လိုက်တဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ နျူကလီးယားအသင့်ဖြစ်မှုကို ထုတ်ဖော်ပြသလိုက်တာဖြစ် သလို နိုင်ငံရဲ့ နျူကလီးယားလက်နက်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ယုံကြည်မှုတွေထောက်ပံ့ပေးလိုက်တာ ဖြစ်ကြောင်း အမေရိကန်စစ်ဘက်အရာရှိတွေက ပြောပါတယ်။

 

နျူကလီးယားထိပ်ဖူးတပ်ဆင်မထားတဲ့ Minuteman III တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘာ့ဂျ်အာကာသစခန်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

တစ်နာရီကို မိုင် ၁၅,၀၀၀ ကျော်နှုန်းနဲ့ ပျံသန်းပြီး မိုင်ပေါင်း ၄,၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ အဲဒီဒုံးကျည်ကို ပစိဖိတ် သမုဒ္ဒရာအလယ်ပိုင်းက မာရှယ်ကျွန်းကို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

“အခုစမ်းသပ်ပစ်ခတ်မှုဟာ ဗန်ဒန်ဘာ့ဂျ်အာကာသစခန်းက ကျွန်တော်တို့ကို အုပ်ထိန်းနေသူတွေနဲ့ အာကာသ တပ်ဖွဲ့ဝင်တွေအတွက် ထူးခြားတဲ့သီတင်းပတ်တစ်ခုကို အစပြုလိုက်တာပဲဖြစ်ပါတယ်။ အနောက်ဘက်စက်ပစ် ကွင်းကနေ နောက်ထပ် စမ်းသပ်ပစ်ခတ်မှုနှစ်ကြိမ်လုပ်ဖို့ စီစဉ်ထားပါတယ်။” လို့ Space Launch Delta 30 ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီးဘရိုင်ယန်တိုက်တပ်စ်က ပြောပါတယ်။

 

အဲဒီတိုက်ချင်းပစ်ဒုံးကျည်ဟာ ကမ္ဘာတစ်ဝန်းက ဘယ်ပစ်မှတ်ကိုမဆို မိနစ် ၃၀ အတွင်း ပစ်ခတ်နိုင်စွမ်းရှိ ကြောင်း Air Force Technology က ပြောပါတယ်။

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကနေ မိုင် ၅၉၀၀ ဝန်းကျင်ဝေးတဲ့ ရုရှားနိုင်ငံရော မိုင် ၆၀၀၀ ဝန်းကျင်ဝေး တဲ့ တရုတ်နိုင်ငံရော အမေရိကန်ကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေဖြစ်တယ်လို့ မှတ်ယူထားပါတယ်။

 

တိုက်ချင်းပစ်ဒုံးကျည် (ICBM) တွေဟာ အမေရိကန်လက်ရှိအသုံးပြုတဲ့ လက်နက်အမျိုးအစားနှစ်ခုထဲက တစ် ခုဖြစ်ပြီး နောက်တစ်မျိုးကတော့ ပင်လယ်ရေအောက်မှာ တပ်ဖြန့်ချထားတဲ့ ရေငုပ်သင်္ဘောတွေကပစ်ခတ်တဲ့ ပဲ့ ထိန်းဒုံးကျည် (SLBM) တွေပဲဖြစ်ပါတယ်။

 

ဒါပေမဲ့ ၁၉၆၃ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ အမေရိကန်က အသုံးပြုခဲ့တဲ့ Titan တိုက်ချင်းပစ်ဒုံးကျည်ဟာ တစ်နာရီကို မိုင် ၁၆,၀၀၀ ပံျသန်းနိုင်ပြီး မိုင် ၆,၀၀၀ ကျော်အကွာအဝေးက ပစ်မှတ်ကို မိနစ် ၃၀ မပြည့်ခင်မှာပဲ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ Titan ထက် ပိုမိုခေတ်မီအဆင့်မြင့်လာပြီး ပျံသန်းနိုင်မှုနဲ့ တစ်နာရီပျံသန်းနှုန်းအတူတူဖြစ်တဲ့ MX Peacekeeper လို တိုက်ချင်းပစ်ဒုံးကျည်တွေ ထွက်ပေါ်လာပြီးနောက်မှာ Titan ဒုံးကျည်တွေကို ဆက်လက် အသုံးမပြုတော့ဘူးလို့ဆိုပါတယ်။

 

တိုက်ချင်းပစ်ဒုံးကျည် (ICBM) တွေဟာ ကမ္ဘာတစ်ဝန်းပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ အမေရိကန်နျူကလီး ယားတပ်ဖွဲ့အတွက် အလွန်အရေးပါတဲ့လက်နက်တွေဖြစ်ပေမဲ့ ၂၀၂၉ ခုနှစ်မတိုင်ခင် LGM-35A Sentinel ICBM ခေါ် အဆင့်မြင့်ဒုံးကျည်တွေနဲ့ အစားထိုးသွားဖို့ စီစဉ်ထားတယ်ပါတယ်။

 

Ref: US test launches hypersonic nuclear missile capable of reaching Moscow in 30 minutes amid rising threats of WW3

 

#PeopleMedia


Share this post