• Follow Us on

Home ရုရှားက ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့၊ ယူကရိန်းရဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကြောင့် ဆွေးနွေးပွဲတွေ ထိခိုက်နိုင်တယ်ဆိုတဲ့သတင်း ရုရှား ငြင်းဆို

ရုရှားက ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့၊ ယူကရိန်းရဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကြောင့် ဆွေးနွေးပွဲတွေ ထိခိုက်နိုင်တယ်ဆိုတဲ့သတင်း ရုရှား ငြင်းဆို

Share this post

နိုင်ငံတကာ၊ သြဂုတ်လ ၁၉

 

ရုရှားနိုင်ငံဟာ အခုလအတွင်း တတိယအကြိမ်အဖြစ် ကိယက်ဗ်မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ အများစု ကို ပစ်ချနိုင်ခဲ့ကြောင်း ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးအဖွဲ့က တနင်္ဂနွေနေ့ (သြဂုတ်လ ၁၈ ရက်နေ့) က ပြောပါ တယ်။

 

ယူကရိန်းဒေသခံတွေဟာ မြောက်ကိုရီးယားဒုံးကျည်လို့ ယုံကြည်ရတဲ့ ဒုံးကျည်ပေါက်ကွဲခဲ့တဲ့နေရာက ချိုင့်ကြီး ကို လာရောက်ကြည့်ရှုနေကြပါတယ်။

 

အခုအချိန်အထိတော့ ကိယက်ဗ်မှာ အသေအပျောက်သတင်းတွေ မကြားရသေးကြောင်း ကိယက်ဗ်မြို့က ယူ ကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

 

ရုရှားနဲ့ ယူကရိန်းအစိုးရ နှစ်ဖက်တပ်တွေဟာ စစ်ပွဲအတွင်း အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ် မှတ်ထားတိုက်ခိုက်နေကြောင်း အပြန်အလှန်စွပ်စွဲနေကြပေမဲ့ နှစ်ဖက်စလုံးက ၎င်းတို့လုပ်ဆောင်ခြင်းမရှိဘူးလို့ ငြင်းဆိုကြပါတယ်။

 

တပြိုင်တည်းမှာပဲ ယူကရိန်းတပ်တွေအနေနဲ့ ရုရှားကာ့စ်ခ်ဒေသမှာ နှစ်ပတ်အတွင်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတဗလာဒီမာ ဇီလန်စကီးက စနေနေ့က ပြောပါတယ်။

 

သြဂုတ်လ ၆ ရက်နေ့ကစပြီး တိုက်ခိုက်လာခဲ့ရာ ယူကရိန်းတပ်တွေက ၄၄၄ စတုရန်းမိုင်အတွင်း မြို့ရွာ ၈၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

 

အဲဒီလိုအချိန်မှာ ရုရှားရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်ကလည်း ယူကရိန်းနယ်စပ်မှာ ဘယ်လာရုစ်တပ် ဖွဲ့ဝင်အင်အား သုံးပုံတစ်ပုံဖြစ်တဲ့ အင်အား ၁၂၀၀၀၀ ကျော်ကို တပ်ဖြန့်ချထားကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောပါတယ်။

 

ယူကရိန်းရဲ့ ကာ့စ်ခ်ဒေသတိုက်ခိုက်မှုဟာ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေတိုက်ခိုက်မှု ရပ်တန့်ရေး အတွက် ယူကရိန်းအစိုးရနဲ့ ကြားခံဆွေးနွေးနေတဲ့ ဆွေးနွေးမှုတွေကို လမ်းချော်သွားစေနိုင်တယ်ဆိုတဲ့ သ တင်းကို ရုရှားအစိုးရက ငြင်းဆိုလိုက်ပါတယ်။

 

ဆွေးနွေးမှုတွေအတွက် ဘယ်ဘက်ကမှ ချိုးဖောက်တာမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

 

အရပ်ဘက်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ သမိုင်းဝင်သဘောတူညီမှု တစ်ခု ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အခုလအတွင်း ကာတာနိုင်ငံကို ကိုယ်စား လှယ်တွေ စေလွှတ်သွားဖို့ စီစဉ်နေကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Russia strikes Kyiv and denies indirect talks with Ukraine: Reuters

 

#PeopleMedia


Share this post