ရုရှားက တရုတ်နိုင်ငံထဲမှာ ဒရုန်းတွေ လျှို့ဝှက်စွာထုတ်လုပ်နေတယ်လို့ဆို
PUBLISHED - September 26, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ရေး တာဝေးပျံ တိုက်ခိုက်ရေးဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့အတွက် ရုရှား အစိုးရဟာ တရုတ်နိုင်ငံထဲမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစီမံချက်တစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ် ကြောင်း ဥရောပထောက်လှမ်းရေးသတင်းရင်းမြစ်နှစ်ဦးရဲ့ ပြောကြားချက်နဲ့ ရိုက်တာသတင်းဌာနက ဆန်းစစ် လေ့လာထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရုရှားအစိုးရပိုင် Almaz-Antey ကုမ္ပဏီရဲ့ လက်ခွဲဖြစ်တဲ့ IEMZ Kupol ကုမ္ပဏီဟာ တရုတ်နိုင်ငံထဲမှာ ဒေသ တွင်း ကျွမ်းကျင်သူတွေအကူအညီနဲ့ Garpiya-3 (G3) ခေါ် ဒရုန်းမိုဒယ်လ်အသစ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ပြီး စမ်းသပ်ပျံသန်းနေပါတယ်။
ယူကရိန်းမှာဆင်နွှဲနေတဲ့ အထူးစစ်ဆင်ရေးမှာ အသုံးပြုဖို့အတွက် Garpiya-3 (G3) အပါအဝင် ဒရုန်းအမျိုးအ စားသစ်တွေကို တရုတ်နိုင်ငံထဲက စက်ရုံတစ်ရုံမှာ ဒီဇိုင်းရေးဆွဲထုတ်လုပ်နေကြောင်း Kupol ကုမ္ပဏီက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။
IEMZ Kupol ကုမ္ပဏီ၊ Almaz-Antey ကုမ္ပဏီနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက် ပြီး မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “တရုတ်နိုင်ငံထဲမှာ အဲဒီလို စီမံချက်မျိုးရှိတယ်လို့ မကြားမိကြောင်း၊ တရုတ်အစိုးရအနေနဲ့ ဒရုန်း ဒါမှမဟုတ် တခြားမောင်းသူမဲ့လေယာဉ်တွေ ပြည်ပတင်ပို့မှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ခဲ့ကြောင်း” ရိုက်တာသတင်းဌာနကို ပြန်လည်ပြောကြားပါတယ်။
တရုတ်ကနေ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့သတင်း မှန်ခဲ့ရင် အဲဒီဖြစ်စဉ်ဟာ အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာ လေ့လာရေး အင်စတီကျူက သုတေသီအဖွဲ့ဝင် ဖာဘီယန်ဟင်ဇ်က ပြောပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရဟာ နိုင်ငံတကာစီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ကျော်လွှားပြီး ရုရှားအစိုးရကို စစ် လက်နက်ပစ္စည်းတွေ ထောက်ပံ့ကူညီဖို့ ချီတုံချတုံ ဖြစ်နေလိ့်မ်မယ်လို့ ဝါရှင်တန်အခြေစိုက် အမေရိကန်သစ် လုံခြုံရေးစင်တာက တွဲဖက်ထိပ်တန်းအဖွဲ့ဝင် ဆယ်မြူရယ်လ်ဘန်းဒတ်က ပြောပါတယ်။
အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ ရုရှားကုမ္ပဏီကို စစ်လက်နက်ထုတ်လုပ်ရေးအပိုင်းမှာ တရုတ်ကုမ္ပဏီ တစ်ခုက ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ ဖြစ်စဉ်ကို ရိုက်တာသတင်းဌာနကရေးသားထားတာနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်ပူပန်မိကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။
Ref: Russia has a secret war drone project with China, intel sources say
#PeopleMedia