• Follow Us on
Latest News

Home ရုရှားက မြန်မာကို SU-30 SME တိုက်လေယာဉ်များနှင့် Pantsir-S1 လေကြောင်းကာကွယ်ရေး လက်နက်စနစ် တွေကို လွှဲပြောင်းပေးမည်

ရုရှားက မြန်မာကို SU-30 SME တိုက်လေယာဉ်များနှင့် Pantsir-S1 လေကြောင်းကာကွယ်ရေး လက်နက်စနစ် တွေကို လွှဲပြောင်းပေးမည်

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

ရုရှားနိုင်ငံက မြန်မာနိုင်ငံကို ဘက်စုံသုံး တိုက်လေယာဉ်များဖြစ်သည့် SU-30 SME အမျိုးအစားအကြီးစား တာ‌ဝေးဘက်စုံသုံး တိုက်လေယာဉ်များနှင့် Pantsir-S1 အမျိုးအစား တာတိုပစ် လေကြောင်းကာကွယ်ရေး လက်နက်စနစ်တွေကို လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။

 

ရုရှားပြည်‌ထောင်စု စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSMTC)၏ အကြီးအကဲ ဒီမီထရီရှုဂေ့က မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးသွားဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

ရုရှားအနေဖြင့် ၂၀၂၂ခုနှစ်က မြန်မာနိုင်ငံကို SU – 30 SME အမျိုးအစား တိုက်လေယာဉ်နှစ်စီး လွှဲပြောင်း ပေးအပ်ခဲ့ပြီး စာချုပ်တွင် သတ်မှတ်ထားသည့် အချိန်အတိုင်း ကျန်ရှိသည့် တိုက်လေယာဉ်တွေကို အချိန်မီ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို Pantsir-S1 အမျိုးအစား လေကြောင်း ကာကွယ်ရေး လက်နက်စနစ်တွေကို လွှဲပြောင်းပေးပို့နိုင်ဖို့ကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဒီမီထရီရှုဂေ့က ပြောကြားသည်။

 

ယင်းအပြင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံတွေထဲမှာ ရုရှား၏ အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး စစ်လက်နက် ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် ရုရှားနိုင်ငံအနေဖြင့် အမြဲတမ်းအသင့်ရှိနေကြောင်းလည်း ဒီမီထရီရှုဂေ့က ဆက်လက်ပြောကြားခဲ့ပါတယ်။

 

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းတချို့ကမြန်မာနိုင်ငံကို စစ်လက် နက်ပစ္စည်းတွေ တင်ပို့ရောင်းချခြင်းများ မလုပ်ဆောင်ရန် တိုက်တွန်းနေချိန်၌ ရုရှား စစ်ရေးနည်းပညာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSMTC) ရဲ့အကြီးအကဲက ယခုအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post