• Follow Us on

Home ရုရှားက မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ရုရှားက မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၉

 

ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) ဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေတည် ဆောက်ရေးပါဝင်တဲ့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တွေကို ဘာကီနာ ဖူဆိုနိုင်ငံ၊ မာလီနိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ လက်မှတ်ရေးထိုးလိုက်ကြောင်း Rigzone ဝက်ဆိုက်မှာ ရေးသားဖော်ပြ ထားပါတယ်။

 

အခုသဘောတူစာချုပ်တွေကို ပြီးခဲ့တဲ့သီတင်းပတ်က မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ရုရှား စွမ်းအင်သီတင်းပတ် ဖိုရမ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း Rosatom ကော်ပိုရေးရှင်းရဲ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံတည်ဆောက်ဖို့အတွက်လည်း နားလည်မှုစာချွန် လွှာ (MOU) တစ်စောင် Rosatom ကော်ပိုရေးရှင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက် ရှိလိုအပ်ချက်တွေကိုရှာဖွေတွက်ချက်ဖို့ နှစ်နိုင်ငံ စီမံချက်ချမှတ်နေပြီး နိုင်ငံတွင်း အသေးစားနျူကလီးယားဓာတ် အားပေးစက်ရုံတစ်ရုံ ဆည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ဦးစားပေးနယ်ပယ်အတွက် လုပ်ငန်းစီမံချက် တစ် စောင်ရေးဆွဲခဲ့တယ်။” လို့ Rosatom ကော်ပိုရေးရှင်းက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

“နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ သတ်မှတ်ချက်တွေ/ထောက်ခံချက်တွေနဲ့အညီ Rosatom ကော်ပိုရေးရှင်းရဲ့ အကောင်းဆုံးအတွေ့အကြုံတွေကို အသုံးပြုပြီး နျူကလီးယားအခြေခံအဆောက်အအုံကို တည်ဆောက်သွားမှာဖြစ်တယ်။” လို့ Rosatom ကော်ပိုရေးရှင်းက ပြောပါတယ်။

 

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် လေ့ကျင့်ရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနယ် ပယ်မှာ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်သွားနိုင်မှာဖြစ်သလို အဖွဲ့အစည်းများအတွင်း ဘေး ကင်းလုံခြုံမှုအလေ့အထတွေကို မြှင့်တင်သွားနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုစီမံ ချက်မှာလည်း ပါဝင်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း Rosatom ကော်ပိုရေးရှင်းက ပြောပါတယ်။

 

Ref: Russia Plans to Build Nuclear Power Plants in Burkina, Myanmar

 

#PeopleMedia


Share this post