• Follow Us on
Latest News

Home ရုရှားက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့သွားရင် အနီရောင်မျဉ်းတွေ ရှိတော့မှာမဟုတ် ကြောင်း တောင်ကိုရီးယားပြော

ရုရှားက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့သွားရင် အနီရောင်မျဉ်းတွေ ရှိတော့မှာမဟုတ် ကြောင်း တောင်ကိုရီးယားပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

ရုရှားနိုင်ငံက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့သွားမယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံအနေနဲ့ ထိန်းသိမ်းထားဖို့ အနီရောင်မျဉ်းတွေ လုံးဝရှိတော့မှာ မဟုတ်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအ ကြံပေးအရာရှိ ချန်ဟိုဂျင်းက နောက်ထပ် ပြင်းထန်တဲ့သတိပေးစာတစ်စောင် တနင်္ဂနွေနေ့ (ဇွန်လ ၂၃ ရက်နေ့) က ထုတ်ပြန်လိုက်ပါတယ်။

 

“ရုရှားရဲ့ လတ်တလောဆောင်ရွက်ချက်တွေက ကျွန်တော်တို့သတိပေးချက်တွေထုတ်ပြန်ထားခဲ့တဲ့ အနီရောင် မျဉ်းတစ်ခုနားကို တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဖြစ်ပါတယ်။” လို့ ချန်က အစိုးရသတင်းဌာန KBS နဲ့ အင်တာ ဗျူးမှာ ပြောကြားလိုက်ပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

၂၄ နှစ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ပထမဦးဆုံး မြောက်ကိုရီးယားခရီးစဉ်မှာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်နဲ့ ပူတင်တို့ အဆင့်မြင့်အစည်းအဝေးကျင်းပပြီးနောက် တောင်ကိုရီးယားနဲ့ ရုရှားတို့ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အနီရောင်မျဉ်းကို မကျော်ဖို့ တောက်လျှောက် လူသိရှင်ကြား သတိပေးနေကြပါတယ်။

 

အဲဒီအစည်းအဝေးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ရေးအရ ချက်ချင်းကူညီဖို့အပါအဝင် စစ်အေးတိုက်ပွဲကာလ ၁၉၆၁ ခုနှစ် စာချုပ်ဟောင်းအဆင့်ရှိတဲ့ နှစ်နိုင်ငံကာကွယ်ရေးကတိကဝတ်တွေကို ပြန်လည်အသက်သွင်းခဲ့ ကြပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက သတိပေးနေလင့်ကစား ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုခံထားရတဲ့ ရုရှားနဲ့ မြောက်ကို ရီးယားဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

 

“ရုရှားက မြောက်ကိုရီးယားကို အဆင့်မြင့်ပဲ့ထိန်းလက်နက်တွေ ထောက်ပံ့မယ်ဆိုရင် ကျွန်တော်တို့ကရော ဘာ မျဉ်းတွေ ဆက်လက်ချန်ထားဖို့ လိုဦးမှာလဲ။” ချန်က တနင်္ဂနွေနေ့က လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်။

 

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းကို စစ်ရေးအကူအညီပေးနေတာကို တုံ့ပြန်တဲ့အနေနဲ့ ၎င်းက လည်း မြောက်ကိုရီးယားကို အဆင့်မြင့်ပဲ့ထိန်းလက်နက်တွေ ထောက်ပံ့ဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ ပူတင်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်နေ့) က ပြောပါတယ်။

 

ဒီသဘောထားကို ပြည်သူတွေရဲ့အတွေးအမြင်တွေက ရောင်ပြန်ဟပ်တုံ့ပြန်သွားဖွယ်ရာရှိတယ်ဆိုတာ ကျွန် တော်ထောက်ပြချင်ပါတယ်။ ရုရှားအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင့်ချိန်စဉ်းစားဖို့ လိုပါတယ်။” လို့ ချန်က ပြော ပါတယ်။

 

“အနာဂတ်မှာ ရုရှားက ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အပေါ် မူတည်ပြီး ယူကရိန်းနိုင်ငံကို ကျွန်တော်တို့ဆီက လက် နက်တွေထောက်ပံ့ရေးနဲ့ပတ်သက်တဲ့မူဝါဒ ပြောင်းလဲလာနိုင်ပါတယ်။” လို့ KBS မီဒီယာနဲ့ အင်တာဗျူးမှာ ချန်က ပြောပါတယ်။

 

Ref: South Korea running out of red lines on Russia-N. Korea cooperation

 

#PeopleMedia


Share this post