• Follow Us on

Home ရုရှားက အီရန်ကို နျူကလီးယားနည်းပညာတွေ မျှဝေနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

ရုရှားက အီရန်ကို နျူကလီးယားနည်းပညာတွေ မျှဝေနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

 

အီရန်အစိုးရက ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ခဲ့တာကို တုံ့ပြန်တဲ့အ နေနဲ့ ရုရှားနိုင်ငံက အီရန်ကို နျူကလီးယားလျှို့ဝှက်ချက်တွေ ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး အဲဒီလို ထောက်ပံ့ခဲ့တာကို စိုးရိမ်မိကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ပြောကြားလိုက်ပါတယ်။

 

နျူကလီးယားဗုံးတစ်လုံးတည်ဆောက်ဖို့ နှစ်ရှည်လများကြိုးစားနေတဲ့ အီရန် ရည်မှန်းချက် ပြည့်မြောက်အောင် ရုရှား-အီရန် နှစ်နိုင်ငံဟာ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်နေ့) က ဝါရှင်တန် ဒီစီမှာတွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာတို့က ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ဟာ ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီဒေးဗစ်လမ်မီနဲ့ လန်ဒန်မှာ သွားရောက်တွေ့ဆုံစဉ်အတွင်း အလားတူ အလားတူ သတိပေးချက်မျိုးကို ပြောကြားခဲ့ပါတယ်။

 

“ရုရှားဟာ အီရန်လိုချင်နေတဲ့ နည်းပညာတွေကို အီရန်ကိုပေးနေပါတယ်။ ဒါက နျူကလီးယားပြဿနာရယ် အာကာသသတင်းအချက်အလက်ရယ် လမ်းနှစ်သွယ်နဲ့ ပတ်သက်နေပါတယ်။ ဒီနိုင်ငံနှစ်နိုင်ငံဟာ ကမ္ဘာကြီး ပိုပြီး မလုံမခြုံဖြစ်စေတဲ့ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ ဘလင်ကန်က ပြောပါ တယ်။

 

အီရန်နိုင်ငံဟာ အရပ်ဘက်သုံးစွဲဖို့ ဘာအထောက်အထားမှမရှိဘဲ ယူရေနီယမ်သန့်စင်မှုတွေကို တိုးမြှင့်လုပ် ဆောင်နေပြီး နျူကလီးယားဗုံးတစ်လုံးလုပ်နိုင်တဲ့အထိ အဲဒီယူရေနီယမ်သန့်စင်မှုတွေကို အများအပြားဆောင် ရွက်နေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း သတိပေးခဲ့ကြပါတယ်။

 

ဒါပေမဲ့ နျူကလီးယားဗုံးတစ်လုံးပြုလုပ်ဖို့အတွက် အီရန်နိုင်ငံက နည်းပညာဘယ်အဆင့်အထိ ရရှိထားပြီဆို တာနဲ့ ဘယ်လောက် မြန်မြန်ဆန်ဆန် လုပ်နိုင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

ဒါပေမဲ့ နျူုကလီးယားဗုံးလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန်နိုင်ငံက ငြင်းဆိုထားပေမဲ့ ရုရှား ကျွမ်း ကျင်ပညာရှင်တွေနဲ့ အလုပ်တွဲလုပ်ခြင်း ဒါမှမဟုတ် ရုရှားနည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်မယ့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန်သွက်လက်အောင် အထောက်အကူပြုနိုင်ပါတယ်။

 

အီရန်နိုင်ငံက အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုရပ်ဆိုင်းပေးဖို့ ၎င်းတို့ရဲ့ နျူကလီး ယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတာတွေကို ရပ်ဆိုင်းထားရေး ၂၀၁၅ ခုနှစ်မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ ပေမဲ့ ၂၀၁၈ ခုနှစ် ရီပတ်ဘလီကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာတော့ အမေရိကန်အစိုးရက အဲဒီစာချုပ် က တစ်ဖက်သတ် နုတ်ထွက်လိုက်ပါတယ်။

 

အမေရိကန်က စာချုပ်ကနေ အဲဒီလို တစ်ဖက်သတ်နုတ်ထွက်လိုက်တဲ့အတွက် အီရန်နိုင်ငံကလည်း ယူရေနီ ယမ်သန့်စင်ဲ့လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။

 

Ref: Alarm in UK and US over possible Iran-Russia nuclear deal

 

#PeopleMedia


Share this post