• Follow Us on
Latest News

Home ရုရှားဂျက်တိုက်လေယာဉ်တွေ ယူကရိန်းမှာ ပစ်ချခံခဲ့ရတာ F-16 ဂျက်တိုက်လေယာဉ်တွေလက်ချက်လို့ ထင်ကြေးပေးနေကြ

ရုရှားဂျက်တိုက်လေယာဉ်တွေ ယူကရိန်းမှာ ပစ်ချခံခဲ့ရတာ F-16 ဂျက်တိုက်လေယာဉ်တွေလက်ချက်လို့ ထင်ကြေးပေးနေကြ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

 

အခုအတွင်း ရုရှားဂျက်တိုက်လေယာဉ်တွေ ယူကရိန်းနိုင်ငံထဲမှာ ပစ်ချခံခဲ့ရတဲ့အတွက် ယူကရိန်းနိုင်ငံထဲမှာ F-16 ဂျက်တိုက်လေယာဉ်တွေရောက်ရှိနေပြီလို့ ခန့်မှန်းနေကြပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ် သုံးပတ်အတွင်း ယူကရိန်းလေကြောင်းပိုင်နက်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပစ်ချခံခဲ့ ရတဲ့ Su-34 ဂျက်တိုက်လေယာဉ်အပါအဝင် စုစုပေါင်း ရုရှားဂျက်တိုက်လေယာဉ် ၈ စင်း ပစ်ချခံခဲ့ရပါတယ်။

 

ရုရှားလေယာဉ်တွေအများစုကို ပက်ထရီယော့ဒုံးခွင်းဒုံးတွေနဲ့ ပစ်ချခဲ့တာဖြစ်ကြောင်း ပြောဆိုနေကြပေမဲ့ လော့ ဟိမာတင်ကုမ္ပဏီထုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ စစ်မြေပြင်ကိုရောက်ရှိနေပြီး တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်နေတာဖြစ်နိုင်ကြောင်း ရုရှားလိုလားတဲ့ တယ်လီဂရမ်ချယ်နယ်တစ်ခုမှာ ရေးသားထားပါတယ်။

 

အခုသီတင်းပတ်အတွင်း ပင်လယ်နက်ထဲက ရုရှားသင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဟာ F-16 ဂျက် တိုက်လေယာဉ်က ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဲဒီတယ်လီဂရမ်က ပြော ပါတယ်။

 

နယ်သာလန်နိုင်ငံကတော့ ရက်စွဲအတိအကျ မပြောပေမဲ့ ၎င်းတို့အနေနဲ့ F-16 ဂျက်တိုက်လေယာဉ် ၁၈ စင်း ယူကရိန်းနိုင်ငံကို ပေးပို့သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေးဖို့ နိုဝင်ဘာလအတွင်းက ရိုမေးနီးယားနိုင်ငံကို နယ်သာလန် က F-16 ဂျက်တိုက်လေယာဉ် ၅ စင်း ပို့ဆောင်ပေးလိုက်ပြီးနောက်မှာ အခုလို နောက်ထပ် ၁၈ စင်း ပို့ဆောင် ပေးမယ်လို့ ထပ်မံပြောကြားလိုက်တာဖြစ်ပါတယ်။

 

ရုရှားလေတပ်ကို ပြန်လည်ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက် ယူကရိန်းနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ် ၆၁ စင်း ပေးပို့ကူညီသွားမှာဖြစ်ကြောင်း နယ်သာလန်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတို့က ကတိပြုထားပါတယ်။

 

အဲဒီနိုင်ငံတွေက ပေးပို့မယ်ဆိုတဲ့ F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိနေ နိုင်ပြီဖြစ်ကြောင်း အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးကိုကိုးကားပြီး Newsweek မီဒီယာက ပြောပါတယ်။ တပြိုင်တည်းမှာပဲ F-16 ဂျက်တိုက်လေယာဉ်တွေကို ကိုင်တွယ်မောင်းနှင်နိုင်အောင် ဒိန်းမတ်နိုင်ငံမှာ ယူကရိန်း လေသူရဲတွေကို စတင်လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ပြောပါတယ်။

 

ဒါ့အပြင် အမေရိကန်နိုင်ငံကလည်း ယူကရိန်းလေသူရဲတချို့နဲ့ လေတပ်စက်မှုအရာရှိ/စစ်သည်တွေအများ အပြားကို အရီဇိုးနားပြည်နယ်မှာ စက်တင်ဘာလကတည်းက လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါတယ်။

 

“စစ်ပွဲစတင်ခဲ့တဲ့ ပထမဦးဆုံး လပေါင်း ၂၀ ရဲ့ အချိန်အများဆုံးမှာဆောင်ရွက်ခဲ့တဲ့အတိုင်း အနောက်အုပ်စုဟာ လက်နက်စနစ်အသစ်တွေကို ထုတ်ဖော်ကြေညာခြင်းမလုပ်ဖို့ သင်ယူခဲ့တယ်နဲ့တူပါတယ်။” လို့ ယူကရိန်းတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးအရာရှိဟောင်း ဒန်နီရယ်ရိုက်စ်ရဲ့စကားကို ကိုးကားပြီး Newsweek မီဒီယာက ရေးသားဖော်ပြထားပါတယ်။

 

Ref: Russian Jets Downing in Ukraine Fuel F-16 Speculation

 

#PeopleMedia


Share this post