ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ နာဂိုနို-ကရာဘက်ဒေသက အပြီးဆုတ်ခွာသွားပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်ပြော
PUBLISHED - June 13, 2024
နိုင်ငံတကာ၊ ဇွန် ၁၃
ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ်က အာမေးနီးယန်းခွဲထွက်ရေးသမားတွေဆီက အဇာ ဘိုင်ဂျန်တပ်တွေ ပြန်လည်သိမ်းပိုက်ခဲ့တဲ့ နာဂိုနို-ကရာဘတ်ဒေသကနေ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်နေ့) က အ ပြီးဆုတ်ခွာသွားပြီဖြစ်ပါတယ်။
အဆိုပါ နာဂိုနို-ကရာဘတ်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေက တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကြိမ် စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
“အဇာဘိုင်ဂျန်နိုင်ငံ နာဂိုနို-ကရာဘတ်ဒေသကနေ ရုရှားတပ်တွေရဲ့ လူ၊ လက်နက်ခဲယမ်း၊ ယာဉ်စက်ပစ္စည်း အားလုံး ဇွန်လ ၁၂ ရက်နေ့မှာ အပြီးဆုတ်ခွာသွားပြီဖြစ်ပါတယ်။” အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အဇာဘိုင်ဂျန်သမ္မတအီလဟမ်အဲလိယက်တို့ သဘောတူညီမှုရခဲ့ပြီးနောက် အခုနှစ် ဧပြီလအတွင်းကနေ ရုရှားတပ်တွေ စတင်ဆုတ်ခွာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်လာလအတွင်း အဇာဘိုင်ဂျန်တပ်တွေ တစ်ရက်တည်းနဲ့ နာဂိုနို-ကရာဘတ်ဒေသကို ဝင် ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ဒုက္ခသည်ပြဿနာဖြစ်ပေါ်လာခဲ့ပါတယ်။
ဒေသခံအာမေးနီးယန်းမျိုးနွယ်စု ၁၀၀,၀၀၀ ဝန်းကျင်ဟာ အဇာဘိုင်ဂျန်တွေ လက်တုံ့ပြန် နှိပ်ကွပ်မှာကို စိုးရိမ် ကြောက်ရွံ့ပြီး အာမေးနီးယားနိုင်ငံဘက်ကို ပြေးဝင်ခိုလှုံသွားကြပါတယ်။
အဲဒီ နာဂိုနို-ကရာဘတ်ဒေသဟာ သမိုင်းကြောင်းအစဉ်အလာအရ အာမေးနီးယန်းလူမျိုးစုတွေရဲ့ မူရင်းဒေသ ဖြစ်ပေမဲ့ နိုင်ငံတကာကတော့ အဇာဘိုင်ဂျန်ရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီဒေသ ကို အာမေးနီးယန်းအစိုးရလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေက နှစ်ပေါင်း ၃၀ နီးပါး ထိန်းချုပ်ထားခဲ့ပါတယ်။
အဇာဘိုင်ဂျန်ဘက်က လုံခြုံရေးအရ ခြိမ်းခြောက်လာတဲ့အချိန်မှာ အာမေးနီးယန်းတွေကို ကာကွယ်ဖို့ ပျက် ကွက်ခဲ့တယ်လို့ အာမေးနီးယန်းအစိုးရက ရုရှားအစိုးရကို စွပ်စွဲခဲ့တဲ့အတွက် ပဋိက္ခကာလအတွင်း အစဉ်အလာ အရမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အာမေးနီးယားနိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။
ကရာဘက်ဒေသဆုံးရှုံးသွားပြီးနောက် အာမေးနီးယန်းအစိုးရဟာ အနောက်အုပ်စုနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး စစ်ရေးမဟာမိတ်အသစ်တွေဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမေရိကန်အစိုးရနဲ့ အာမေးနီးယန်းအစိုးရတို့ဟာ မဟာဗျူဟာမြောက်မိတ်ဖက်ကော်မရှင်တစ်ခုတည်ဆောက် ဖို့အတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေကို အဆင့်မြှင့်င်ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်း ဖော်ပြထားတဲ့ ပူး တွဲကြေညာချက်တစ်စောင်ကို အာမေးနီးယန်းနိုင်ငံခြားရေးဝန်ကြီး အဲရာရတ်မီဇိုယန်နဲ့ အမေရိကန်ပြည်ထောင် စု ဥရောပနဲ့ ဥရောပအာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်အိုဘရိုင်ယန်တို့က ထုတ်ပြန်ခဲ့ပါ တယ်။
အာမေးနီးယန်းအစိုးရက ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ၎င်းတို့သိမ်းပိုက်ထားခဲ့တဲ့ နယ်စပ်ဒေသ ကျေးရွာ လေးရွာကို ပြီးခဲ့တဲ့လက အဇာဘိုင်ဂျန်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
Ref: Azerbaijan Says Russian Peacekeepers Have Completed Withdrawal
#PeopleMedia