• Follow Us on

Home ရုရှားစစ်လက်နက်တွေဖျက်ဆီးနိုင်တဲ့စစ်သည်တွေကို ယူကရိန်းအစိုးရက ခွင့်ရက်တို ခံစားခွင့်ပြုမည်

ရုရှားစစ်လက်နက်တွေဖျက်ဆီးနိုင်တဲ့စစ်သည်တွေကို ယူကရိန်းအစိုးရက ခွင့်ရက်တို ခံစားခွင့်ပြုမည်

Share this post

နိုင်ငံတကာ၊ မေ ၂၅

 

ယူကရိန်းစစ်သည်တွေအနေနဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရင် နောက်ထပ်အပို ဆောင်းခွင့်ပေးမယ့် အစီအစဉ်တစ်ခုကို ယူကရိန်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။

 

အခုအစီအစဉ်ဟာ စစ်မြေပြင်အောင်မြင်မှုတွေကို ဆုချီးမြှင့်ခြင်းအားဖြင့် ရှေ့တန်းကစစ်သည်တွေကို စိတ်ဓာတ် မြှင့်တင်ပေးဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။

 

အစီအစဉ်သစ်အရ ရုရှားလေယာဉ်တစ်စင်း ဒါမှမဟုတ် စစ်သင်္ဘောတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတာ အ တည်ပြုနိုင်ရင် အဲဒီယူကရိန်းစစ်သည်တွေကို ခွင့်ငါးရက် ခံစားခွင့်ပြုမှာဖြစ်ပါတယ်။

 

အလားတူ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ရဟတ်ယာဉ်ကို ဖျက်ဆီးနိုင်ခဲ့ရင် ခွင့်လေးရက်၊ တင့်ကား နဲ့ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရင် ခွင့်သုံးရက် ခံစားခွင့်ပေးသွားမှာဖြစ်ပါတယ်။

 

အီရန်ကထောက်ပံ့ထားတဲ့ ရှာဟဒ်ဒရုန်းတွေလို တခြားစစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးနိုင်ခဲ့ရင်လည်း အဲဒီ စစ်သည်တွေကို ခွင့်ရက်တို ခံစားခွင့်ပြုသွားမှာဖြစ်ပါတယ်။

 

ရုရှားနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဒီစစ်ပွဲမှာ ယူကရိန်းနိုင်ငံက ၎င်းတို့စစ်သည်တွေကို အောင်ပွဲရတဲ့အတွက် ဆု ချီးမြှင့်တာမျိုး မကြားဖူးခဲ့သေးပါဘူး။

 

ရုရှား Mi-8 ရဟတ်ယာဉ်တစ်စင်းယူလာပြီး ယူကရိန်းဘက်ကို ဘက်ပြောင်းလာတဲ့ ရုရှားရဟတ်ယာဉ်မှူးနဲ့ တပ် ဖွဲ့ဝင်တချို့ကိုတော့ ဒေါ်လာ ၅၀၀၀၀၀ ဆုချီးမြှင်ခဲ့ဖူးပါတယ်။

 

ယူကရိန်းနဲ့မတူတာက ယူကရိန်းစစ်ပွဲမှာ အနောက်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက် ဆီးနိုင်တဲ့ ရုရှားစစ်သည်တွေကို ရုရှားအစိုးရက ငွေကြေးနဲ့ ဆုချီးမြှင့်တာပဲဖြစ်ပါတယ်။

 

ရုရှားစစ်သည်တွေအနေနဲ့ ရန်သူ့တင့်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ရင် ရူဘယ်ငွေ ၁၀၀,၀၀၀ (ဒေါ်လာ ၁,၂၀၀)၊ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ရင် ရူဘယ်လ်ငွေ ၅၀,၀၀၀ (ဒေါ်လာ ၆၀၀) ချီးမြှင့်မှာဖြစ်ကြောင်း ရုရှား အစိုးရက ၂၀၂၃ ခုနှစ် ဇွန်လက ကြေညာခဲ့ပါတယ်။

 

ဒါ့အပြင် မြေပြင်ထိုးစစ်တိုက်ပွဲတွေမှာ ရန်သူ့မြေ တစ်ကီလိုမီတာသိမ်းပိုက်နိုင်တိုင်း ရူဘယ်လ်ငွေ ၅၇,၀၀၀ (၆၉၇ ဒေါ်လာ) ချီးမြှင့်သွားမှာဖြစ်ကြောင်းလည်း ရုရှားအစိုးရက ပြောပါတယ်။

 

ရုှရှား-ယူကရိန်းစစ်ပွဲ နှစ်နှစ်ကျော်လာပြီးနောက် ယူကရိန်းစစ်သည်တွေ စစ်ပန်းနေပြီဖြစ်တဲ့အတွက် စစ်သည် တွေကို ခွင့်ပြန်ခွင့်ပြုတာဟာ အရေးကြီးတဲ့ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။

 

ရှေ့တန်းက ယူကရိန်းစစ်သည်တွေဟာ အနားမရတဲ့အတွက် ပင်ပန်းလွန်းလို့ ညည်းညူနေတာ ကြာပြီဖြစ်ပါ တယ်။

 

“ကျွန်တော်တို့ တစ်ရက်ကို နာရီ ၂၀ လောက်တိုက်နေရတယ်။ မရပ်မနား တိုက်ပွဲဝင်နေကြရတယ်။ မရပ်နား ရွှေ့ပြောင်းနေကြရတယ်။ ကျွန်တော်တို့လှုပ်ရှားမှုတွေက အရမ်းမသွက်လက်တော့ဘူး။ အခုအချိန်ကစပြီး ကျွန် တော်တို့ ပြန်ပြီးအားဖြည့်ဖို့ လိုပါတယ်။” လို့ ယူကရိန်းစစ်သည်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

Ref: Ukraine to Grant Leave to Soldiers Who Destroy Russian Assets

 

#PeopleMedia


Share this post