ရုရှားတပ်တွေ တစ်ပတ်အတွင်း ဒုံးကျည် ၆၅ စင်း၊ ဒရုန်း ၁၇၈ စင်းနဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့
PUBLISHED - August 7, 2023
နိုင်ငံတကာ၊ သြဂုတ် ၇
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားတပ်တွေက ယူကရိန်းနိုင်ငံကို ဒုံးကျည်အမျိုးမျိုး ၆၅ စင်း၊ ရှာဟတ် (Shahed) ဒရုန်း ၈၇ စင်းအပါအဝင် တိုက်ခိုက်ရေးဒရုန်း ၁၇၈ စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန် စကီးက ပြောကြားလိုက်ပါတယ်။
Censor.NЕТ ဝက်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ သမ္မတဇီလန်စကီးက အခုလိုပြောကြားခဲ့တာဖြစ်ပါ တယ်။
“အခုသီတင်းပတ်တစ်ခုတည်းမှာတင် ရုရှားတပ်တွေဟာ ဒုံးကျည်အမျိုးအစားအမျိုးမျိုး ၆၅ စင်း၊ ရှာဟတ်ဒရုန်း ၈၇ စင်းအပါအဝင် တိုက်ခိုက်ရေးဒရုန်း ၁၇၈ စင်းနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်တွေ၊ ဒ ရုန်းတွေထဲက တချို့ကို ကျွန်တော်တို့ ပစ်ချနိုင်ခဲ့ပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
“ကျွန်တော်တို့ ဝေဟင်ပိုင်နက်မှာ အကြမ်းဖက်သမားတွေ ရှုံးနိမ့်နေပြီဆိုတာ သက်သေပြနိုင်ပါတယ်။ ကျွန် တော်တို့ မိတ်ဖက်နိုင်ငံအားလုံးကို သက်သေပြနိုင်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒုံးကျည် တွေထောက်ပံ့ရာမှာ မိတ်ဖက်နိုင်ငံအသီးသီးရဲ့ ယုံကြည်စိတ်ချရတဲ့ရပ်တည်မှုဟာ အလွန်အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တခြားနိုင်ငံတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ စဉ်းစားဖို့မလိုအောင် ယူကရိန်းနိုင်ငံအနေနဲ့ အကြမ်းဖက်သ မားတွေရဲ့တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်ဖို့ လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ကိုယ်ပိုင်လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖန်တီးပြီး ဥရောပဒေသတစ်ခုလုံးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တည်ဆောက်နေတာဖြစ်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။
Ref: This week enemy fired 65 missiles and 178 attack drones at Ukraine, – Zelensky Source:
#PeopleMedia