ရုရှားတပ်မတော်ကို သိက္ခာချတဲ့သူတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ရုရှားအစိုးရကသိမ်းဆည်းနိုင်မယ့် ဥပဒေကြမ်းတစ်ရပ် အောက်လွှတ်တော်ပြဋ္ဌာန်း
PUBLISHED - February 14, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ရုရှားတပ်မတော်ကိုသိက္ခာချတဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမယ့် ဥပဒေကြမ်းတစ်ရပ်ကို ရုရှားအောက်လွှတ်တော်က မကြာသေးခင်ကပဲ ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေပြဋ္ဌာန်းချက်အရ ရုရှားတပ်မတော်ဂုဏ်သိက္ခကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှားတွေ ဖြန့်ဖြူး နေတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရသူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ တန်ဖိုးကြီးလက်ဝတ်ရတနာ/ ပစ္စည်းတွေနဲ့ တခြားအိုးအိမ်/ပိုင်ဆိုင်မှုပစ္စည်းတွေကို ရုရှားအစိုးရက သိမ်းဆည်းသွားမှာဖြစ်ပါတယ်။
ဒီဥပဒေဟာ ရန်သူ့တပ်ဖွဲ့ဝင်တွေဆီကို ငွေကြေးလွှဲပြောင်းပေးတဲ့သူတွေ အပါအဝင် လူယုတ်မာတွေနဲ့ သစ္စာ ဖောက်တွေကိုလည်း ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစွန်းရောက်လှုပ်ရှားမှုမျိုးတွေကို လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ပေးမှု/ နိုင်ငံတော်လုံခြုံရေးကို ထိ ခိုက်အောင် ဆောင်ရွက်ဖို့ မြှောက်ပင့်သွေးထိုးပေးမှုတွေ ကျူးလွန်တဲ့အတွက် ပြစ်ဒဏ်ကျခံရသူတွေကိုလည်း ဒီဥပဒေနဲ့ အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်။
အခုဥပဒေကြမ်းကို ရုရှားအထက်လွှတ်တော်မှာ အတည်ပြုထောက်ခံခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အတည်ပြုထောက်ခံချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
ဥပဒေသစ်ပြဋ္ဌာန်းမှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲစတင်ကတည်းက သဘောထားမတူတဲ့သူ တွေကို ရုရှားအစိုးရရဲ့ အဆက်မပြတ်နှိပ်ကွပ်နေမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
အကြမ်းဖက်ဝါဒကို တရားမျှတကြောင်း ပြောဆိုမှု/ သတင်းတုတွေကို ဖြန့်ဝေမှုတို့လို ပြစ်မှုတွေနဲ့ ရုရှားတပ်မ တော်ကို သိက္ခာကျအောင် ပြောဆိုမှုတွေကို ရုရှားအစိုးရက ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။
ရုရှားတပ်မတော်နဲ့ပတ်သက်ပြီး သတင်းမှားတွေဖြန့်ဖြူးတယ်ဆိုတဲ့စွပ်ချက်နဲ့ ဖမ်းဆီးခံရတဲ့ ဒီမီထရီဂလက် ကော့ဗ်စကီအပါအဝင် ဘလော့ဂါတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြား သာမန်ပြည်သူ အများအပြား နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ရုရှားတပ်မတော်နဲ့ ပတ်သက်ပြီး သတင်းမှားဖြန့်တယ်ဆိုတဲ့ ဒီမီထရီဂလက် ကော့ဗ်စကီကိုတော့ ရုရှားအစိုးရက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။
အမျိုးသမီးအဆိုတော်/အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဆာရှာစကိုချီလန်ကို ကိုလည်း ဆူပါမတ်ကက်ဈေးနှုန်းကတ် ပြားနဲ့ စစ်ဆန့်ကျင်ရေးကတ်ပြားကို လဲလှယ်တပ်ဆင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
ရုရှားဘလော့ဂါ အလက်ဇန္ဒားနော့ဒရီနော့ဗ်ကိုလည်း ယူကရိန်းက အဆောက်အအုံတွေ ပျက်စီးနေပုံကို လူမှု ကွန်ရက်ပေါ်တင်ပြီး ရုရှားတပ်ဖွဲ့ဝင်တွေမှာတာဝန်ရှိကြောင်း ရေးသားခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကပဲ ဖမ်းဆီးခဲ့ပါ တယ်။
Ref: Russian Bill Targets Assets of People Discrediting Military
#PeopleMedia