• Follow Us on
Latest News

Home ရုရှားတပ်မတော် အောင်မြင်စွာ ပြန်လည်တည်ဆောက်ပြီးဖြစ်ကြောင်း အမေရိကန်ပြော

ရုရှားတပ်မတော် အောင်မြင်စွာ ပြန်လည်တည်ဆောက်ပြီးဖြစ်ကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၅

 

ယူကရိန်းစစ်ပွဲအတွင်း အကြီးအကျယ်ဆုံးရှုံးခဲ့ပေမဲ့ ရုရှားနိုင်ငံဟာ ၎င်းတို့ရဲ့ တပ်မတော်ကို အောင်မြင်စွာ ပြန် လည်တည်ဆောက်ပြီးဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ တပ်မတော်ကို အင်အားစုဖွဲ့ ပြန်လည်တည်ဆောင်ပြီးပြီလားဆိုတာ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းက ၎င်းတို့အဖွဲ့က အနီးကပ်စောင့်ကြည့်လေ့လာခဲ့ကြောင်း အမေရိကန်သစ်လုံခြုံရေးစင်တာက ကျင်းပ တဲ့ ဆွေးနွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ပြော ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းကျူးကျော်စစ်ဖြစ်ပွားတဲ့အချိန်ကစပြီး ကာကွယ်ရေးအသုံးစရိတ် သိသိ သာသာ တိုးမြှင့်လိုက်တဲ့အတွက် ရုရှားတပ်မတော်ကို ကောင်းစွာပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ၎င်း က ပြောပါတယ်။

 

ရုရှားရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ရဲ့ ပံ့ပိုးမှုကလည်း ပြီးခဲ့တဲ့နှစ်နှစ်အ တွင်း စီးပွားရေးနဲ့ စစ်ရေးအခက်အခဲတွေကို တောင့်ခံထားနိုင်ဖို့အတွက် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

“ဥရောပမိတ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ ပြန်လည်ရရှိအောင်ဆောင်ရွက်ပြီး ရုရှားနိုင်ငံရဲ့ ကာကွယ်ရေး စက်ရုံတွေပြန်လည် တည်ဆောက်ဖို့ တရုတ်နိုင်ငံက စတင်ကူညီခဲ့တာကို ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရပြီးပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကလည်း ၎င်းတို့ရဲ့ ဥရောပမဟာမိတ်ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ စဉ်းစားခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာခဲ့ပါတယ်။

 

၂၀၂၄ ခုနှစ် မတ်လအထိ ယူကရိန်းတွေရဲ့ ပြင်းထန်တဲ့ခုခံမှုကြောင့် ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှုဟာ ၃၅၀,၀၀၀ ကျော် ရှိနိုင်တယ်လို့ ဗြိတိန်စစ်ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

 

ဒါ့အပြင် ရုရှားအစိုးရဟာ စစ်ပွဲအစကတည်းက တင့်ကားအစီးရေ ၃၀၀၀ ဝန်းကျင် တပ်ဖြန့်ချထားခဲ့တဲ့အနက် ၂၆၁၉ စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ပွဲအတွင်း ဆုံးရှုံးမှုကြီးမားလွန်းတဲ့အတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဆယ်စုနှစ်တစ်ခုလောက်အချိန်ယူရမှာ ဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက အစောပိုင်းက ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ ရုရှားတပ်မတော်ဟာ အများခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ် ကြောင်း ကာ့တ်ကမ်းဘဲလ်က ပြောပါတယ်။

 

Ref: Russia Has ‘Almost Completely’ Rebuilt Its Military: US Official

 

#PeopleMedia


Share this post