• Follow Us on
Latest News

Home ရုရှားတွင်ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းသို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်

ရုရှားတွင်ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းသို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် အာဆီယံအပေါင်းအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် Vladivostok မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

 

နေ့လည်ပိုင်းတွင် အရှေ့ဖျားပြည်နယ်တက္ကသိုလ်(FEFU)၌ ပစိဖိတ်ရေတပ်ဖွဲ့သို့ ရောက်ရှိရာ ဒုတိယပါမောက္ခ ချုပ် Mr. Maxim Vedyashkin Vice-Rector for Campus Management က တက္ကသိုလ်နှင့်ပတ်သက်၍ သင်ကြားပေးသည့် ဘာသာရပ်များ၊ တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ် လုပ်ငန်းဆောင်တာ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယအကြီးအကဲ Vice Admiral Denis Berezovsky နှင့် တာဝန်ရှိသူများမှ လေ့ကျင့်ခန်းအတွက် FEFU ခန်းမတွင် ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် ရုရှားတပ်မတော်ကွပ်ကဲမှုအဖွဲ့များ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့ လာခဲ့သည်။

 

စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် Vladivostok ဒေသရှိ Sergeevsky လေ့ကျင့်ရေးကွင်း၌ ကျင်းပပြု လုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင် လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ဖွင့်ပွဲအခမ်းအနားသို့ ရုရှားတပ်မတော်မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများနှင့်မိတ်ဖက်နိုင်ငံများမှ တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ပါဝင်တက် ရောက်ခဲ့သည်။

 

ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး မြေပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များ၏ ယာယီအခြေချစခန်း(Training Camp) အား လေ့လာခဲ့သည်။ နေ့လည်ပိုင်းတွင် Ussuriysk မြို့ရှိ Suvorov Military School သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီး Major General Nikolay Glinin နှင့် တာဝန်ရှိ သူများက သင်တန်းကျောင်းဆောင်များ၊ သင်ထောက်ကူပြု စာသင် ခန်းများ၊ အားကစားခန်းမများ၊ စားရိပ်သာ၊ သင်တန်းသားများ၏ အိပ်ဆောင်နှင့်နေရာ ချထားမှုပုံစံများအား လိုက်လံရှင်းလင်းပြသခဲ့သည်။

 

စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ပစိဖိတ်ရေတပ်ဖွဲ့ဌာနချုပ် House of Naval Officers အစည်းအဝေး ခန်းမ၌ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina နှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြားဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်စေရေးကိစ္စရပ်နှင့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာမြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ခဲ့ကြသည်။

 

စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အမှတ် (၃၆) ရေပြင်သွား စစ်ရေယာဉ် တပ်မဟာသို့ ရောက်ရှိသည်။ ၎င်းနောက် အမှတ်(၅၄၃) ဖရီးဂိတ် စစ်ရေယာဉ် Marshal Shaposhnikov သို့သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများ၏  ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် အမှတ်(၁၉) ရေငုပ်သင်္ဘောတပ်မသို့ ရောက်ရှိပြီး Captain 2nd Rank Derbenev ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

 

စက်တင်ဘာလ ၂၉ ရက်နေ့တွင် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) လက်တွေ့ဆောင်ရွက်နေမှုများ အား ရုရှားတပ်မတော်မှ တာဝန်ရှိသူများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့ဝင်များ၊ လေ့ကျင့်ခန်းသို့ တက် ရောက်လာသည့် အာဆီယံ နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကြည့်ရှုအား ပေးပြီး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

#PeopleMedia


Share this post