ရုရှားတွေဟာ ရှုပ်ထွေးလှတဲ့ကွပ်ကွဲကြီးကြပ်မှုစနစ်ကြောင့် ယူကရိန်းထိုးစစ်ကို အသည်းအသန် ကာကွယ်နေရကြောင်း ISW ပြော
PUBLISHED - August 23, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၃
ရုရှားတပ်မတော်ဟာ ၎င်းတို့ရဲ့ ရှု့ပ်ထွေးလှတဲ့ ကွပ်ကွဲကြီးကြပ်မှု နည်းလမ်းကြောင့် ကာ့စ်ခ်ဒေသကို ထိုးဖောက် ဝင်ရောက်လာတဲ့ ယူကရိန်းထိုးစစ်ကို ကာကွယ်ဖို့ ကြိုးစားရုန်းကန်နေရကြောင်း စစ်ပွဲလေ့လာရေးအင်စတီကျု (Institute for the Study of War – ISW) အဖွဲ့က ပြောကြားလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေကြား “အချင်းချင်းသဘောထားကွဲလွဲမှု” နဲ့ “ဝရုန်းသုန်းကားဖြစ်မှု” တွေကို ဖြစ်ပေါ်စေတဲ့ ကွပ်ကဲမှုနည်းလမ်းတွေကြောင့် ရုရှားပိုင်နယ်မြေအတွင်း ယူကရိန်းထိုးစစ်ကို ရုရှားဘက်က ပြန်လည်ခုခံတိုက် ခိုက်မှုဟာ ထင်သလောက်ခရီးမပေါက်ဘူးလို့ ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့ရဲ့ မကြာသေးခင်ကထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဥပမာ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီးဘဲလဆော့ဗ်က ၎င်းရဲ့ဒုတိယဝန်ကြီး ယူနူစ်ဘစ်က်ယက်ဗ်ကူရပ်ဗ်ကို ကာ့စ်ခ်၊ ဘဲဂရပ်ဒ်နဲ့ ဘရီယန်စ်ခ်ဒေသတွေကို ကာကွယ်ရေးအတွက် ရုရှားတပ်တွေကို စုစည်းပြီး ယူကရိန်းတပ် တွေကို ခုခံတိုက်ခိုက်ဖို့ တာ ဝန်ပေးထားတဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီရဲ့ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ် လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဘဲလဆော့ဗ်ဟာ တပြိုင်တည်းမှာပဲ လော်ဂျစ်စတစ်၊ စစ်ဘက်ဆိုင်ရာနည်းပညာထောက်ပံ့ မှု၊ အရပ်သားများဘေးကင်းလုံခြုံရောရွှေ့ပြောင်းပေးရေးနဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့မှုတွေလို ကျူးကျော် တိုက်ခိုက်မှုနဲ့ ဆွက်နွယ်တဲ့ သီးသန့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နောက်ထပ် ၅ ဦးကိုလည်း တာဝန်ပေးခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါဒေသတွေအတွင်း အရပ်သားတွေကို ဒရုန်းတိုက်ခိုက်မှုတွေနဲ့ တခြားတိုက်ခိုက်မှုတွေက ကာ ကွယ်နိုင်အောင် ရုရှားအစိုးရက တပ်ဖွဲ့သုံးဖွဲ့ ဖွဲ့စည်းခဲ့ပါသေးတယ်။
ဒါ့အပြင် ရှေ့တိုးချီတက်လာတဲ့ ယူကရိန်းတပ်တွေကို ရုရှားတပ်တွေ အသေအလဲ ခုခံတိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီမလို အပ်တဲ့နည်းလမ်းကြောင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတွင်း နောက်ထပ် ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ် စေတယ်လို့ ISW အဖွဲ့က ပြောပါတယ်။
“ယူကရိန်းထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်ရာမှာ ရုရှားအစိုးရက တာဝန်ပေးထားတဲ့ ရှုပ်ထွေးပြီး အစွန်းထပ်နေတဲ့ တာဝန်ပေးစေခိုင်းမှုတွေနဲ့ ခေါင်းဆောင်တွေ များပြားနေတာဟာ ထိရောက်တဲ့ ပူးတွဲကွပ်ကွဲကြီးကြပ်မှုနည်း လမ်းတွေကို တည်ဆောက်ဖို့ စွမ်းရည်ကို ထိခိုက်စေတယ်။” လို့ ISW အဖွဲ့က ပြောပါတယ်။
ယူကရိန်းတပ်တွေအနေနဲ့ ကာ့စ်ခ်ဒေသရဲ့အတွင်းပိုင်း ၂၈ ကီလိုမီတာ (၁၇.၄ မိုင်) ကျော်အထိ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း ယူကရိန်းတပ်မတော်အကြီးအကဲ အိုလက်ဇန္ဒား ဆီစကီးက သြဂုတ်လ ၂၁ ရက်နေ့မှာ ကိယက်ဗ်မြို့က ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းတပ်တွေဟာ ရုရှားနယ်မြေ စတုရန်း ၁၂၆၃ ကီလိုမီတာ (၄၈၈ စတုရန်းမိုင်) နဲ့ မြို့ရွာ ၉၃ ခု ကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ကွပ်ကွဲမှုစနစ်က လုပ်မဖြစ်ဘူးလို့ ထင်ရပေမဲ့ ရုရှားတပ်တွေမှာ တခြားပုံစံပြောင်းပြီး တိုက်ခိုက် ဖို့ နည်းလမ်းပေါင်းစုံရှိနိုင်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့ (GRU) က ပြောပါတယ်။
Ref: Russia Struggling With Dysfunctional Military Command: Think Tank
#PeopleMedia