• Follow Us on
Latest News

Home ရုရှားထုတ်ဂျက်တိုက်လေယာဉ်တွေဝယ်ယူမယ့်အစီအစဉ် အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း အီရန် ပြော

ရုရှားထုတ်ဂျက်တိုက်လေယာဉ်တွေဝယ်ယူမယ့်အစီအစဉ် အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း အီရန် ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

 

ရုရှားထုတ် ဆူခွိုင်း Su-35 ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အမောင်းသင်လေယာဉ် တွေကို အီရန်နိုင်ငံကို ပို့ဆောင်ဖို့အတွက် စီစဉ်နေတာ အပြီးသတ်အဆင့်ကိုရောက်ရှိလာပြီဖြစ်ကြောင်း အီရန် ဒုတိယကာကွယ်ရေးဝန်ကြီးက အီရန် Tasnim သတင်းဌာနကို အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

အီရန်လေတပ်မှာ ရုရှားဂျက်တိုက်လေယာဉ်တွေနဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးမတိုင်ခင်က အမေရိ ကန်နိုင်ငံက ရရှိထားတဲ့ သက်တမ်းရင့် ဂျက်တိုက်လေယာဉ်တချို့အပါအဝင် ဂျက်တိုက်လေယာဉ်အစင်းရေ သုံးလေးဆယ်ဝန်းကျင်သာရှိပါတယ်။

 

“အီရန်တပ်မတော်အတွက် ဆူခွိုင်း Su-35 ဂျက်တိုက်လေယာဉ်တွေ၊ Mil Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ် တွေ၊ Yak-130 အမောင်းသင်လေယာဉ်တွေ ပို့ဆောင်ပေးမယ့် အစီအစဉ် နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။” လို့ အီရန်ဒုတိယကာကွယ်ရေးဝန်ကြီး မာဒီဖာရဟီက ပြောပါတယ်။

 

Tasnim သတင်းဌာနရဲ့ ပြောကြားချက်ထဲမှာ ရုရှားဘက်က အတည်ပြုပြောဆိုချက်တွေကို ထည့်သွင်းဖော်ပြ ထားတာမတွေ့ရပါဘူး။

 

အီရန်နိုင်ငံအနေနဲ့ ၎င်းတို့လေတပ်အတွက် ပြည်တွင်းထုတ် Kowsar ဂျက်တိုက်လေယာဉ်တွေကို စတင်ထုတ် လုပ်နေပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တုန်းက အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။

 

Kowsar ဂျက်တိုက်လေယာဉ်တွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်ပြည်ထောင်စုကထုတ်လုပ်တဲ့ F-5 ဂျက်တိုက်လေယာဉ်ကို ပုံတူကူးယူပြီး ပြန်လည်ထုတ်လုပ်ထားတာဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

 

Ref: Iran finalises deal to buy Russian fighter jets – Tasnim

 

#PeopleMedia


Share this post