• Follow Us on
Latest News

Home ရုရှားထုတ် S-400 ဒုံးကျည် မကြာမီ အိန္ဒိယလက်ခံရရှိတော့မည်

ရုရှားထုတ် S-400 ဒုံးကျည် မကြာမီ အိန္ဒိယလက်ခံရရှိတော့မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁

 

အိန္ဒိယနိုင်ငံဟာ ကီလိုမီတာ ၃၈၀ (၂၃၆ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ ရုရှားထုတ် S-400 ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တွေကို မကြာခင်လက်ခံရရှိတော့မှာဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ်မှာ အိန္ဒိယလေတပ်က ပါကစ္စတန်နိုင်ငံ ဘားလကော့မြို့ကို လေကြောင်းကနေ သွားရောက်တိုက် ခိုက်ခဲ့ပြီးနောက် 40N-60 ဒုံးကျည် အစင်း ၁၂၀ ကို မှာယူခဲ့ပါတယ်။

 

ပါကစ္စတန်နိုင်ငံရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် အိန္ဒိယဂျက်တိုက်လေယာဉ်တစ်စင်း ဆုံးရှုံးသွားတဲ့အချိန်မှာ တာ ဝေးပိုမိုပစ်ခတ်နိုင်တဲ့ မြေပြင်-ဝေဟင်ပစ်ဒုံးကျည်တွေကို အိန္ဒိယနိုင်ငံက ပိုလိုချင်လာပါတယ်။

 

အခုလအစောပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ မော်စကိုခရီးစဉ်မှာ 40N-60 ဒုံးကျည်တွေ စောစောပို့ ပေးဖို့နဲ့ ကျန်ရှိနေတဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် နှစ်ခုကိုလည်း အမြန်ပို့ဆောင်ပေးဖို့ တွန်းအားပေးခဲ့ကြောင်း Economic Times မှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ရုရှားထံက ဒေါ်လာ ၅.၅ ဘီလျံတန်ကြေးရှိ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ခြောက်စုံဝယ်ယူခဲ့ရာ ကျန်ရှိနေသေးတဲ့နှစ်စုံဟာ ၂၀၂၆ ခုနှစ်မှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

ကိုဗစ်ကပ်ရောဂါဘေးနဲ့ ယူကရိန်းစစ်ပွဲအပါအဝင် တခြားအကြောင်းရင်းတွေကြောင့် ဒုံးကျည်တင်ပို့မှုတွေ နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုရှားနိုင်ငံ MKB Fakel ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ 40N-60 ဒုံးကျည်ဟာ အမြင့်ပေ ကီလိုမီတာ ၃၀ (၁၈.၆ မိုင်) အထိ ပစ်ခတ်နိုင်ပါတယ်။

 

40N-60 ဒုံးကျည် ပထမအသုတ်ကို ၂၀၁၈ ခုှနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ဒုံးကျည်အစင်းရေ ၁,၀၀၀ ထုတ်လုပ်သွားမယ်လို့ မျှော်မှန်းထားပါတယ်။

 

Ref: India to Soon Receive Longest-Range S-400 Interceptor Missile from Russia

 

#PeopleMedia


Share this post