• Follow Us on
Latest News

Home ရုရှားဒရုန်းတွေကို တန်ပြန်နှောင့်ယှက်တိုက်ဖျက်ဖို့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တစ်ခု ယူကရိန်းတပ် တွေအသုံးပြုနေ

ရုရှားဒရုန်းတွေကို တန်ပြန်နှောင့်ယှက်တိုက်ဖျက်ဖို့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တစ်ခု ယူကရိန်းတပ် တွေအသုံးပြုနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇

 

ရေဒီယိုလှိုင်းကြားဖြတ်အသံလွှင့်ချက်ကတစ်ဆင့် မောင်းသူမဲ့လေယာဉ်တွေကို အနှောင့်အယှက်ပေးနိုင်တဲ့ အီ လက်ထရောနစ်စစ်ဆင်ရေးစနစ်တစ်ခုကို ယူကရိန်းတပ်တွေက အသုံးပြုခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

Brave 1 cluster-developed counter-drone system ခေါ် တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်က မဂ္ဂါဟိုက် ၈၅၀-၉၄၀ ကနေ နှောင့်ယှက်သံတွေထုတ်လွှင့်ပြီး ဒရုန်းတွေရဲ့ ရေဒီယိုလှိုင်းနှှုန်းတွေကို ဝင်ရောက်နှောင့်ယှက် တယ်လို့ ယူကရိန်း Censor.Net. သတင်းဌာနက ပြောပါတယ်။

 

ဒီအီလက်ထရောနစ်တိုက်ဖျက်ရေးစနစ်ကို မီတာ ၃၀၀၀ (၉၈၄၂ ပေ) က အသုံးပြုနေရင် မီတာ ၂၅၀ (ပေ ၈၂၀) အကွာအဝေးက ဒရုန်းတစ်စင်း အလုပ်မလုပ်နိုင်အောင် နှောင့်ယှက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒီလက်နက်စနစ်ဟာ ရန်သူ့တန်ပြန်တိုက်ဖျက်ရေးကို ရှောင်ရှားနိုင်ဖို့အတွက် သက်ဆိုင်ရာပစ်မှတ်ကထုတ်လွှင့် တဲ့ ရေဒီယိုလှိုင်းကိုဖမ်းယူတဲ့ passive detection ကိုသာ အသုံးပြုထားပြီး ရန်သူ့ GPS၊ GLONASS၊ Galileo နဲ့ Beidou ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်စနစ်တွေကိုလည်း နှောင့်ယှက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒီလက်နက်စနစ်ကို တစ်စက္ကန့်အတွင်း အသုံးပြုနိုင်ပြီး ဘက်ထရီတစ်လုံးအပါအဝင် စက်ရဲ့အလေးချိန်က ၃ ကီလိုဂရမ် (၆.၆ ပေါင်) သာရှိတယ်လို့ ဆိုပါတယ်။

 

အဆိုပါအီလက်ထရောနစ်တိုက်ဖျက်ရေးစနစ်ကို ယာဉ်တွေမှာတပ်ဆင်အသုံးပြုဖို့ သုံးချောင်းထောက်နဲ့တွဲဖက် ထုတ်လုပ်ထားသလို ကျောပိုးအိတ်နဲ့ သယ်ဆောင်အသုံးပြုနိုင်တဲ့ တစ်ကိုယ်ရည်သုံးစက်တွေကိုလည်း ထုတ် လုပ်နေတယ်လို့ ဆိုပါတယ်။

 

ဒီလက်နက်စနစ်ကို စစ်မြေပြင်တွေမှာ စမ်းသပ်ပြီးနောက် ထပ်မံထုတ်လုပ်နိုင်ဖို့အတွက် ဥပဒေကြောင်းအရ စနစ်တကျစီစဉ်ပြီး မှတ်ပုံတင်ထုတ်လုပ်နိုင်ရေး ယူကရိန်းစစ်တပ်က ထောက်ခံထားကြောင်း သိရပါတယ်။

 

Ref: Ukraine Deploys Radio-Interference System to Counter Russian Drones

 

#PeopleMedia


Share this post