• Follow Us on
Latest News

Home ရုရှားဒုံးကျည်တစ်စင်း ကဖေးဆိုင်ထဲက ကွယ်လွန်သူအမှတ်တရပွဲကို ထိမှန်ပြီး ယူကရိန်းရွာသား ၅၀ သေဆုံးခဲ့

ရုရှားဒုံးကျည်တစ်စင်း ကဖေးဆိုင်ထဲက ကွယ်လွန်သူအမှတ်တရပွဲကို ထိမှန်ပြီး ယူကရိန်းရွာသား ၅၀ သေဆုံးခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆

 

ရုရှားတပ်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတစ်ရွာမှာရှိတဲ့ ကဖေး ဆိုင်တစ်ခုကို ထိမှန်ခဲ့ပြီးနောက် လူဦးရေ ၅၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ပြောပါ တယ်။

 

ခါကိဗ်ဒေသမှာရှိတဲ့ လူဦးရေ ၃၃၀ ရှိတဲ့ ကျေးရွာတစ်ရွာမှာ ကွယ်လွန်သူရွာသားတစ်ဦးအတွက် အမှတ်တရပွဲ တစ်ခုကျင်းပနေစဉ်အတွင်း အခုသေဆုံးသွားတဲ့ရွာသားတွေက တက်ရောက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းပြည် ထဲရေးဝန်ကြီး အီဂါခေမန်ကိုက ပြောပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းနဲ့ ၁၈ မိုင် (ကီလိုမီတာ ၃၀) ကျော်ဝေးကွာတဲ့ ရွာကလေးမှာကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားကို လူဦးရေ ၆၀ ဝန်းကျင်တက်ရောက်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၆ နှစ်အရွယ်ကလေး ငယ်တစ်ဦးလည်းပါရှိကြောင်း ၎င်းက ပြောပါတယ်။

 

“ကံမကောင်းစွာပဲ ဂရိုဇာကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ ရွာသား ၅၀ သေဆုံးခဲ့ပါတယ်။ ကနဦးထောက် လှမ်းမှုတွေအရ သိရတာကတော့ ရုရှားတွေ အသုံးပြုခဲ့တာ အစ်ကန်ဒါဒုံးကျည်လို့ သိရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ အုတ်အကျိုးပုံတွေနဲ့ အရေးပေါ်လုပ်သားတွေသယ်ယူ နေတဲ့အလောင်းတွေပုံတွေကို တွေ့မြင်ရပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ တခြားအလောင်းတွေအလယ်မှာ အဲဒီတိုက်ခိုက်မှုကြောင့် သေ ဆုံးသွားပုံရတဲ့အလောင်းတစ်လောင်းရှေ့မှာ ဒူးထောက်နေတဲ့ အမျိုးသမီးတစ်ဦးပုံကို လူမှုကွန်ရက်ပေါ်မှာတင် ထားခဲ့ပါတယ်။

 

“ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ အလုပ်လုပ်နေကြပါတယ်။ အပျက်အစီးတွေကြားထဲမှာ နောက်ထပ် လူတွေရှိနေနိုင်ပါသေးတယ်။” လို့ အီဂါခေမန်ကိုက ပြောပါတယ်။

 

စပိန်နိုင်ငံမှာကျင်းပတဲ့ ဥရောပအစည်းအဝေးတစ်ခုတက်ရောက်နေတဲ့ သမ္မတဇီလန်စကီးကတော့ အဲဒီတိုက် ခိုက်မှုကို လူမှုကွန်ရက်ပေါ်ကနေ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

“ရက်စက်ကြမ်းကြုပ်လှတဲ့ရုရှားတွေဟာ သာမန်ကုန်စုံဆိုင်တစ်ခုကို ဒုံးကျည်နဲ့ပစ်ခတ်ပြီး ရာဇဝတ်မှုကျူးလွန်ခဲ့ ပါတယ်။ ဒါဟာ လုံးဝ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။” လို့ ဇီလန်စ ကီးက ရေးသားထားပါတယ်။

 

အခုတိုက်ခိုက်မှုဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသထဲက ကူပီယာနက်ခ်ခရိုင်ထဲမှာဖြစ်ပွားခဲ့တာဖြစ် ပြီး အဲဒီဒေသဟာ ပြီးခဲ့တဲ့နှစ်က ရုရှားတပ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုး စားနေတဲ့ ဒေသလို့ ဆိုပါတယ်။

 

Ref: Russian Strike Kills 50 Gathered for Wake in East Ukraine

 

#PeopleMedia


Share this post