• Follow Us on

Home ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်း ၅၁ ဦးထက်မနည်း သေဆုံး

ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်း ၅၁ ဦးထက်မနည်း သေဆုံး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

ယူကရိန်းနိုင်ငံ ပိုလ်တာဗာမြို့မှာ အင်္ဂါနေ့ (စက်တင်ဘာ ၃ ရက်နေ့) က ရုရှားဒုံးကျည်တစ်စင်း ကျရောက် ပေါက်ကွဲခဲ့ရာ ၅၁ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအာဏာပိုင်တွေက ပြော ကြားလိုက်ပါတယ်။

 

အာဏာပိုင်တွေက သေဆုံးသူတွေထဲမှာ စစ်သား/အရပ်သားကို ခွဲခြားမပြောပေမဲ့ အဲဒီဒုံးကျည်ဟာ စစ်သင် တန်းကျောင်းတစ်ခုနဲ့ အနားက ဆေးရုံတစ်ခုကို ထိမှန်ခဲ့တာဖြစ်ကြောင်း ယူကရိန်းအစိုးရက ကြေညာခဲ့သလို အဲဒီတိုက်ခိုက်မှုအတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးပုံတွေကို ရှင်းလင်းနေစဉ်အတွင်းမှာ ဒီတိုက်ခိုက်မှုအတွက် ရုရှား တွေတာဝန်ခံရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

“ကနဦးသတင်းတွေအရ ရုရှားတိုက်ခိုက်မှုကြောင့် ၅၁ ဦး သေဆုံးပြီး ၂၇၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အ စီးပုံတွေအောက်မှာ လူတွေရှိနေသေးတယ်လို့ သိရပါတယ်။ တတ်နိုင်သမျှ ရှင်သန်ကျန်ရစ်အောင် ကယ်ဆယ် ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်အစိုးရတွေက ဒီတိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းက ၎င်းတို့နိုင်ငံကို ကာကွယ်ဖို့ လိုအပ်နေတဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေနဲ့ တခြားလက်နက်တွေအပါအဝင် စစ်ရေးအကူအညီတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ “ဘာအကန့်အသတ်မှ နားလည်တဲ့သူမဟုတ်ဘူး။” လို့ ဂျာမန်နိုင်ငံခြားရေးဝန် ကြီး အန်နာလီနာဘဲဘော့ခ်က ပြောကြားလိုက်သလို အခုတိုက်ခိုက်မှုဟာ “စက်ဆုပ်ရွံရှာဖွယ်ရာ တိုက်ခိုက်မှု” ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြောပါတယ်။ ရုရှားဒုံးကျည်နှစ်စင်းဟာ ဆေးရုံတစ်ခုနဲ့ စာသင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့ပြီး အဆောက်အဦတစ်ခုဟာ လုံးဝ ပျက်စီးသွားကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

တိုက်ခိုက်မှုဟာ ကိယက်ဗ်မြို့ကနေ ကီလိုမိတာ ၃၀၀ (မိုင် ၁၉၀) ဝန်းကျင်ကွာဝေးပြီ စစ်မဖြစ်ခင်က လူဦးရေ ၃၀၀၀၀၀ ခန့်ရှိတဲ့ ပိုလ်တာဗာမြို့မှာ မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ အပျက်အစီးပုံတွေထဲမှာ ပိတ်မိနေတဲ့ လူ ၁၁ ဦးအပါအဝင် ၂၅ ဦးကို ကယ် တင်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြောင်း ယူကရိန်းကာ ကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Russian Strike Kills 51 in Ukrainian City

 

#PeopleMedia


Share this post