ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းအရပ်သား ၄၁ ဦးထက်မနည်း သေဆုံး
PUBLISHED - July 9, 2024
နိုင်ငံတကာ၊ ဇူလိုင် ၉
ရုရှားတပ်တွေဟာ တနင်္လာနေ့က ယူကရိန်းနိုင်ငံကို ဒုံးကျည်တွေအများအပြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိယက်ဗ်မြို့ရှိ ကလေးဆေးရံုံတစ်ခုအပါအဝင် ပစ်မှတ်အများအပြာကို ထိမှန်ခဲ့ရာ အရပ်သား ၄၁ ဦးထက်မ နည်းသေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။
စေတနာ့ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ကလေးဆေးရုံကြီးရဲ့ အပျက်အစီးပုံ တွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေလျက်ရှိပါတယ်။
“ကြောက်စရာကောင်းလိုက်တယ်။ ကျွန်မ အသက်တောင်မရှုနိုင်ဘူး။ ကျွန်မသားကိုပဲ ကျွန်မကြိုးစားကာကွယ် ခဲ့ပါတယ်။ သူအသက်ရှုလို့ရအောင် ဒီအဝတ်နဲ့ ကာပေးထားရတယ်။” လို့ အသက် ၃၃ နှစ်အရွယ် ဆိဗ်တာနာ ကရက်ဗ်ချန်ကိုက ရိုက်တာကို ပြောပါတယ်။
ကနဦးမှာ သေဆုံးသူဦးရေ ၃၇ ဦးနဲ့ ဒဏ်ရာရသူ ၁၇၀ ကျော်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ တခြားနေ ရာတွေက သေဆုံးစာရင်းတွေပါ ထည့်ပေါင်းရင် သေဆုံးသူဦးရေ ၄၁ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
ကိယက်ဗ်မြို့မှာရှိတဲ့ ကလေးဆေးရုံကြီး၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးစင်တာတစ်ခု၊ ကလေးစောင့်ရှောက် ရေးဂေဟာတွေ၊ စီးပွားရေးစင်တာတစ်ခုနဲ့ လူနေအိမ်တွေအပါအဝင် အဆောက်အဦ ၁၀၀ ကျော် ထိခိုက်ပျက် စီးခဲ့ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
“ရုရှားအကြမ်းဖက်သမားတွေက ဒီကိစ္စအတွက် တာဝန်ယူရမှာဖြစ်တယ်။ စိုးရိမ်ပူပန်မှုဟာ အကြမ်းဖက်မှုကို မ မတားဆီးနိုင်ပါဘူး။ ဝမ်းနည်းကြောင်း ပြောဆိုတာကလည်း လက်နက်တစ်ခုမဟုတ်ပါဘူး။” လို့ ဇီလန်စကီးက ပြောပါတယ်။
ကိယက်ဗ်အပြင် ကျာဗရိရိချ်၊ ဒီနီပရိုနဲ့ အရှေ့ပိုင်းဒေသက တခြားမြို့ကြီးနှစ်မြို့လည်း ထိခိုက်မှုတွေရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားဒုံးကျည် ၃၈ စင်းအတက် အစင်း ၃၀ ကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ကလေးဆေးရုံကြီးကို လာရောက်ထိမှန်တဲ့ ဒုံးကျည်ဟာ ဝေဟင်-မြေပြင်ပစ် Kh-101 ခရုစ်ဒုံးကျည်ဖြစ်ကြောင်း ယူကရိန်းထောက် လှမ်းရေးအဖွဲ့က ပြောဆိုခဲ့ပြီး ဒုံးကျည်ထိမှန်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ် သား ၂၇ ဦး သေဆုံးခဲ့ ပြီး ၈၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပိုလန်နိုင်ငံမှာရောက်ရှိနေပြီး ပိုလန်ဝန်ကြီးချုပ် ဒိုနယ်လ်တပ်က်နဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဇီလန် စကီးကတော့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ရေး အနောက်မဟာမိတ်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ ရုရှားတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကရော လက်တုံ့ပြန်နိုင်မှာလားလို့ မေးချင်ပါတယ်။” လို့ ဇီလန် စကီးက ပြောပါတယ်။
Ref: Russian missile attacks kill at least 41, hit children’s hospital, Ukraine says
#PeopleMedia