ရုရှားဒုံးကျည်တွေကိုပစ်ချဖို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ရှိကြောင်း” ပိုလန်ပြော
PUBLISHED - September 3, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ပိုလန်နိုင်ငံဘက်ကို ဦးတည်ပျံသန်းလာနေတဲ့ ယူကရိန်းကောင်းကင်ထက်က ရုရှားဒုံးကျည်တွေကို ပစ်ချဖို့အ တွက် ပိုလန်နိုင်ငံမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ရှိကြောင်း” ပိုလန်နိုင်ငံခြားရေးဝနကြီးက တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်နေ့) က အင်တာဗျူးမှာ Financial Times မီဒီယာကို ပြောကြားလိုက်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းကို လေကြောင်း/ ဒုံးကျည်တွေနဲ့ ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ပိုလန်လေကြောင်းပိုင်နက်ထဲကို ဒရုန်းတစ်စင်းဝင်ရောက်လာပြီး တစ်ပတ်အကြာမှာ ပိုလန်ထိပ် တန်းသံတမန်တစ်ဦးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
သီတင်းတစ်ပတ်ကြာ ရှာဖွေခဲ့ပေမဲ့လည်း သံသယဖြစ်ဖွယ်ရာ အဲဒီဒရုန်းကို ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
တနင်္လာနေ့က ရုရှားက လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်နေတဲ့အချိန်မှာ ပိုလန်နိုင်ငံဟာ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်ဖို့အတွက် ပိုလန်-ယူကရိန်း နယ်စပ်ကို ပိုလန်ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ဖို့အတွက် တခြားနိုင်ငံတွေရဲ့ တာဝန်ရှိမှုကို နေတိုးအဖွဲ့ဝင် ဖြစ်ခြင်းဆိုတဲ့ နိုင်ဖဲနဲ့ အသာစီးအနိုင်ယူတာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဋ္ဌာန်းထားတဲ့တာဝန်ပဲဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး ရာဒေါ့ဆွပ်ဆီကော့စကီက FT မီဒီယာနဲ့ အင် တာဗျူးမှာ ပြောပါတယ်။
“ရန်သူ့ဒုံးကျည်ဟာ ကျွန်တော်တို့ လေကြောင်းပိုင်နက်ထဲကို ဦးတည်ဝင်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ချပိုင်ခွင့်ရှိတယ်လို့ ရှုမြင်ထားပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ရုရှားစစ်ပွဲ ဒီ့ထက်ပိုပြီး မကျယ်ပြန့်လာအောင် ကာကွယ်ထိန်း သိမ်းထားဖို့ တာဝန်ရှိကြောင်း၊ နေတိုးအဖွဲ့နဲ့ ဒီစစ်ပွဲ ဘာမှမပတ်သက်ကြောင်း၊ နေတိုးအဖွဲ့ဟာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့လည်း စစ်ပွဲထဲမှာ ပါဝင်ပတ်သက်လာမှာမဟုတ်ကြောင်း နေတိုးအရာရှိတစ်ဦးက ပြောပါတယ်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဆီကော့စကီ မှတ်ချက်ပြုပြောကြားပြီးနောက်မှာ နေတိုးအရာရှိတစ်ဦးက အခုလို ပြောကြားတာဖြစ်ပါတယ်။
“မိမိလေကြောင်းပိုင်နက်နဲ့ပတ်သက်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်တိုင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲကို ပံ့ပိုးထောက်ပံ့ရာမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်း စီရဲ့ ဆောင်ရွက်ချက်တွေဟာ နေတိုးတစ်ဖွဲ့လုံးကိုလည်း ကိုယ်စားပြုလာနိုင်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက ပြောပါတယ်။
ယူကရိန်းကောင်းကင်ထက်က ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကူညီပစ်ချပေးဖို့ ဥရောပနိုင်ငံတွေကို ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
မတ်လအတွင်းက ရုရှားဒုံးကျည်တစ်စင်း ပိုလန်နိုင်ငံတွင်း ဝင်ရောက်လာခဲ့တဲ့အတွက် ပိုလန်နိုင်ငံက မော်စကို အစိုးရကို ဖြေရှင်းချက်တောင်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရုရှားဒုံးကျည်တစ်စင်းဟာ ပိုလန်နိုင်ငံထဲကို လေးငါးမိနစ်ကြာဖြတ် သန်းဝင်ရောက်လာပြီး ပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ပိုလန်နိုင်ငံ ပါဇယ်ဝိုဒေါ်ကျေးရွာကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပိုလန်ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါဒုံးကျည်ကို ယူကရိန်းဒုံးကျည်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမပြုခင်မှာ ဒီကိစ္စကြောင့် နေတိုးအဖွဲ့တစ် ဖွဲ့လုံး စစ်ရှိန်မြင့်တက်နေတဲ့ ရုရှားစစ်ပွဲထဲပါသွားမှာကို စိုးရိမ်နေကြပါတယ်။
Ref: Poland Says Has ‘Duty’ to Down Stray Russian Missiles
#PeopleMedia