• Follow Us on
Latest News

Home ရုရှားဒုံးကျည်တွေပစ်ခတ်နိုင်အောင် မြေပုံညွှန်းတွေပေးခဲ့တဲ့ ဒေသခံအမျိုးသမီးကို ယူကရိန်းတရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်

ရုရှားဒုံးကျည်တွေပစ်ခတ်နိုင်အောင် မြေပုံညွှန်းတွေပေးခဲ့တဲ့ ဒေသခံအမျိုးသမီးကို ယူကရိန်းတရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၅

 

ရုရှားဒုံးကျည်ပစ်ခတ်မှုတွေကို အကဲကြည့်လုပ်ပေးပြီး ဒေသတွင်း ရုရှားစစ်တပ်မှာ အလုပ်တစ်ခုရဖို့ ကြိုးပမ်းခဲ့မှု နဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို ယူကရိန်းနိုင်ငံအလယ်ပိုင်း ချာကဇီမြို့က တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံး ရုရှားအထူးတပ်ဖွဲ့က ကိုယ်စားလှယ်တွေပေးအပ်ခဲ့တဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အဲဒီအမျိုးသမီးဟာ သတင်းအချက်အလက်တွေနဲ့ ချာကဇီမြို့နဲ့ ချာကဇီဒေသတွင်းက စစ် ဘက်ဆိုင်ရာအဆောက်အဦတွေရဲ့ မြေပုံညွှန်းတွေကို ရုရှာတွေဆီ ပေးပို့ခဲ့တာကို အစိုးရရှေ့နေတွေက သက် သေနဲ့တကွ တရားရုံးမှာ တင်ပြခဲ့ပါတယ်။

 

တရားရုံးက အဆိုပါအမျိုးသမီးကို အမျိုးသားလုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်မှု၊ စစ်အုပ်ချုပ်ရေးဥပဒေအရ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ရုရှားကျူးကျော်မှုဟာ တရားမျှတကြောင်း အကြိမ်ကြိမ်ပြောဆိုမှုတွေနဲ့ စွဲချက်တင်ခဲ့ ကြောင်း ချာကဇီဒေသ ရှေ့နေများရုံးက ပြောပါတယ်။

 

အဲဒီအမျိုးသမီးဟာ ချက်ကဇီဒေသကို သွားရောက်ပြီး ကင်းထောက်တာဝန်တွေ ထမ်းဆောင်ခဲ့သလို ယူကရိန်း စစ်စခန်းတွေရဲ့ မြေပုံညွှန်းတွေနဲ့ အသေးစိတ်အချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ အမည်မဖော်ထားတဲ့ အကောင့်နဲ့ ရုရှားတွေထံ ပေးပို့ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ (SBU) က ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

 

အဆိုပါအမျိုးသမီးဟာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်တာဟာ တရားမျှတကြောင်းနဲ့ ရုရှားစစ် သည်တွေ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာ ဇဝတ်မှုကျူးလွန်မှုတွေနဲ့ နာမည်ကြီးနေတဲ့ ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ကို လေးစားကြောင်း ၎င်းရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားခဲ့ပါတယ်။

 

အဲဒီအမျိုးသမီးရဲ့ ကွန်ပျူတာထဲမှာ ယူကရိန်းစစ်သည်တွေကို ရှင်းလင်းသုတ်သင်ထားတဲ့ ဝဂ္ဂနာအုပ်စုပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်နဲ့ ၎င်းဝါဒဖြန့်နေတဲ့ YouTube လိုင်းစာရင်းတွေကို ယူကရိန်းစစ်ဆေးရေးအဖွဲ့တွေက တွေ့ရှိခဲ့ ပါတယ်။

 

၎င်းအမျိုးသမီးဟာ ဒေသတွင်းက အရေးကြီးသတင်းအချက်အလက်တွေကို လိုချင်နေတဲ့ ချာကဇီဒေသ စစ် အုပ်ချုပ်ရေးအဖွဲ့မှာ အလုပ်ရဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 

သူလျှိုအမျိုးသမီးဟာ အဲဒီရာဇဝတ်မှုတွေကို အစမ်းခန့်ကာလအတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီအမျိုးသမီးကို ရုရှားတွေရဲ့ကျူးကျော်တိုက်ခိုက်မှုကို ငြင်းဆိုမှု၊ ပါဝင်တိုက်ခိုက်တဲ့ရုရှားစစ်သည်တွေကိ ချီး မွမ်းပြောဆိုမှုနဲ့ ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ၂၀၂၂ ခုနှစ်တုန်းက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ချာက ဇီဒေသ ရှေ့နေများရုံးက ပြောပါတယ်။

 

Ref: Ukrainian court sentences woman to life in prison for aiding Russian missile strikes

 

#PeopleMedia


Share this post