• Follow Us on

Home ရုရှားနိုင်ငံကတည်ဆောက်ပေးနေတဲ့ နျူဓာတ်အားပေးစက်ရုံအတွက် ပထမဦးဆုံးယူရေနီယံတွေ ဘင်္ဂလားဒေ့ရှ် အစိုးရ လက်ခံရရှိ

ရုရှားနိုင်ငံကတည်ဆောက်ပေးနေတဲ့ နျူဓာတ်အားပေးစက်ရုံအတွက် ပထမဦးဆုံးယူရေနီယံတွေ ဘင်္ဂလားဒေ့ရှ် အစိုးရ လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုရှားနိုင်ငံကတည်ဆောက်ပေးနေဆဲဖြစ်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံမှာအသုံး ပြုဖို့အတွက် ရုရှားနိုင်ငံကတင်ပို့ပေးလိုက်တဲ့ ယူရေနီယံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အောက်တိုဘာလ ၅ ရက်နေ့ (ကြာသပတေးနေ့) က လက်ခံရရှိခဲ့ပါတယ်။

 

အဲဒီနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလျှပ်စစ်ဓာတ် အားလိုင်းကို မြှင့်တင်ပေးသွားမှာဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းအထောက် အကူပြုသွားမှာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။

 

ဓာတ်ပေါင်းဖိုယူနစ်နှစ်ခုနဲ့တည်ဆောက်ထားတဲ့ ရပ်ပါနျူကလီးယားဓာတ်အားပေးစက်ရုံ ပြီးစီးသွားပြီး ဓာတ် အားလိုင်းနဲ့ ချိတ်ဆက်ပြီးသွားတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အား ၂၄၀၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အိမ် ထောင်စုပေါင်း ၁၅ သန်းကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးသွားနိုင်မှာဖြစ်ပါတယ်။

 

အဲဒီစက်ရုံကို ရုရှားအစိုးရပိုင်စွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ ရိုဆာတမ်ကုမ္ပဏီ (Rosatom) က တည်ဆောက် နေတာဖြစ်ပါတယ်။

 

စက်ရုံတည်ဆောက်ဖို့အတွက် ရုရှားအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒေါ်လာ ၁၁.၃၈ ဘီလျံ ချေးပေးခဲ့ပြီး အဲဒီချေးငွေတွေကို ၂၀၂၇ ခုနှစ်ကနေစတင်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်ပေးဆပ်သွားရမှာဖြစ်ပါတယ်။

 

ရပ်ပါနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးသွားတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နျူကလီးယား ဓာတ်ပေါင်းဖိုအသုံးပြုနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော်စာရင်းထဲမှာပါဝင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းက ရောက်ရှိလာတဲ့ ယူရေနီယံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပတ်ဘ်နာခရီုင်မြောက်ပိုင်း စက်ရုံတည်ရှိရာ အတ်ရှ်ဝါဒီမှာ ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေလက်ထဲကို အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ အွန်လိုင်းက တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။

 

အဲဒီနျူကလီးယားဓာတ်အားပေးစက်ရုံစတင်လည်ပတ်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ၁၀% ကို ဖြည့််ဆည်းပေးသွားမှာဖြစ်ကြောင်း သမ္မတပူတင်က ပြောပါတယ်။

 

နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့အတွက် လုပ်သား ၂၀၀၀၀ ကျော် အလုပ်အကိုင်အခွင့်အ လမ်းတွေရရှိခဲ့သလို စက်ရုံလည်ပတ်ဖို့အတွက် ဝန်ထမ်း ၁၀၀၀ ကျော်ကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့တယ် လို့ ၎င်းက ပြောပါတယ်။

 

ရပ်ပါနျူကလီးယားဓာတ်အားပေးစက်ရုံက အသုံးပြုပြီးသား ယူရေနီယံတွေကို ပြန်ယူမယ်လို့ ရုရှားနိုင်ငံက ကတိပေးခဲ့ကြောင်း ဝန်ကြီးချုပ်ဟာဆီနာက ပြောကြားလိုက်ပြီး ရပ်ပါစက်ရုံကို သဘာဝပတ်ဝန်းကျင်မထိခိုက် အောင်တည်ဆောက်ထားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Bangladesh gets first uranium shipment from Russia for its Moscow-built nuclear power plant

 

#PeopleMedia


Share this post