• Follow Us on

Home ရုရှားနိုင်ငံက တရုတ်အင်ဂျင်နဲ့ Garpiya အသေခံဒရုန်းတွေ ထုတ်လုပ်နေပြီဖြစ်

ရုရှားနိုင်ငံက တရုတ်အင်ဂျင်နဲ့ Garpiya အသေခံဒရုန်းတွေ ထုတ်လုပ်နေပြီဖြစ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

ရုရှားနိုင်ငံဟာ တရုတ်အင်ဂျင်နဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး Garpiya-A1 လို့ခေါ်တဲ့ တိုက်ခိုက်ရေးဒရုန်း တွေကို ပြီးခဲ့တဲ့နှစ်က စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ရုရှားအစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Almaz-Antey ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ IEMZ Kupol ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ Garpiya ဒရုန်း (အသေခံဒရုန်း) အစင်း ၂,၅၀၀ ကျော် ထုတ်လုပ်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အခုလို တရုတ်နည်းပညာနဲ့ ထုတ်လုပ်တဲ့ရုရှားဒရုန်းတွေ သတင်းကို အရင်က မဖော်ပြခဲ့ဖူးသလို IEMZ Kupol နဲ့ Almaz-Antey ကုမ္ပဏီတို့ကလည်း ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ရုရှားလို Harpy (ဂရိ/ရောမ ဒဏ္ဍာရီလာ အမျိုးသမီးဦးခေါင်းနှင့်ကိုယ်၊ ငှက်အတောင်နှင့်ခြေထောက်ပါသော ရက်စက်တဲ့သတ္တဝါ) အမည်ရ Garpiya ဒရုန်းကို ယူကရိန်းစစ်ပွဲရဲ့ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက် ခိုက်ရာမှာ အသုံးပြုခဲ့ကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

 

Garpiya ဒရုန်းတွေကိုထုတ်နိုင်တာ သေချာပြီဆိုရင် တာဝေးပျံဒရုန်းတွေအတွက် အီရန်ဒီဇိုင်းတွေကို အားကိုး နေရတဲ့ ရုရှားရဲ့မှီခိုမှုက ပြန်လည်ဆုတ်ခွာသွားနိုင်တော့မှာဖြစ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့ ဖြစ်တဲ့ Center for a New American Security ရဲ့ တွဲဖက်ထိပ်တန်းအဖွဲ့ဝင် ဆယ်မြူရယ်လ်ဘန်းဒတ်က ပြော ပါတယ်။

 

“ဒီဒရုန်းတွေကို တကယ်ထုတ်လုပ်နေပြီဆိုရင် ရုရှားဟာ ပြည်တွင်းဒီဇိုင်းရေးဆွဲထုတ်လုပ်မှုကိုရော တရုတ်နိုင်ငံ အပေါ်မှာပါ ပိုမိုမှီခိုလာပြီဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပြောတဲ့ အီရန်နိုင်ငံကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှား-ယူကရိန်း စစ်ပွဲစတင်ကတည်းက Shahed အသေခံဒရုန်းတွေကို ရုရှားနိုင်ငံကို ထောင်နဲ့ချီပြီး ထောက်ပံ့ခဲ့ကြောင်း ယူက ရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြီးခဲ့တဲ့နှစ် မေလက ပြောပါတယ်။

 

အီရန်ထုတ် Shahed အသေခံဒရုန်းတွေကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ အသုံးပြုခဲ့ပေမဲ့ အီရန်နိုင်ငံကတော့ Shahed ဒရုန်းတွေ ရုရှားကို ထောက်ပံ့ခဲ့တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

 

Garpiya ဒရုန်းထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ရုရှားအစိုးရဘက်က ဘာမှမပြောသလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ နကလည်း တရုတ်နိုင်ငံအနေနဲ့ ဒရုန်းတွေအပါအဝင် စစ်လက်နက်ပစ္စည်းထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေ ပြည်ပနိုင် ငံတွေကို တင်ပို့တာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထိန်းချုပ်ထားကြောင်း ရိုက်တာသတင်းဌာနကိုပြန်လည် ဖြေကြားခဲ့ပါတယ်။

 

“ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာရေးနဲ့ နိုင်ငံရေးနည်းလမ်းအရဖြေ ရှင်းနိုင်ရေးကိုသာ အားပေးဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ရုရှားနိုင် ငံကြားထဲမှာ နိုင်ငံတကာကုန်သွယ်ရေးလည်း မရှိပါဘူး။” လို့ တရုတ်သံရုံးဖြေကြားချက်ထဲမှာ ထည့်သွင်းဖော် ပြထားပါတယ်။

 

Ref: Russia produces new kamikaze drone with Chinese engine, say European intel sources: (Reuters)

 

#PeopleMedia


Share this post