• Follow Us on

Home ရုရှားနိုင်ငံက တိုက်ခိုက်လာနိုင်တဲ့အရေး စိုးရိမ်ပူပန်နေတဲ့အတွက် စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းဖို့ ဂျာမနီစဉ်းစားနေ

ရုရှားနိုင်ငံက တိုက်ခိုက်လာနိုင်တဲ့အရေး စိုးရိမ်ပူပန်နေတဲ့အတွက် စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းဖို့ ဂျာမနီစဉ်းစားနေ

Share this post

နိုင်ငံတကာ၊ မေ ၁၅

 

ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို စစ်ပွဲဆင်နွှဲလာမယ့်အရေး စိုးရိမ်ပူပန်မှုတွေမြင့်တက်နေတဲ့ကြားက နိုင် ငံတွင်း စစ်မှုမထမ်းမနေရဥပဒေကို ပြန်လည်အသက်သွင်းဖို့ ဂျာမနီအစိုးရက စဉ်းစားနေပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း The Telegraph က ရရှိခဲ့ တဲ့ စစ်ဘက်ဆိုင်ရာသတင်းပေါက်ကြားမှုထဲမှာ ဖော်ပြထားပါတယ်။ အဆိုပြုထားတဲ့အစီအစဉ်ထဲမှာ အသက် ၁၈ နှစ်ပြည့်တာနဲ့ ဂျာမနီနိုင်ငံသား အမျိုးသား/အမျိုးသမီး အားလုံး စစ်သင်တန်းတက်ရောက်ရမှာဖြစ်ပါတယ်။

 

ဂျာမနီမှာ အရင်တုန်းကကျင့်သုံးခဲ့တဲ့ စစ်မှုထမ်းဥပဒေမှာတော့ အမျိုးသားတွေသာ စစ်သင်တန်းတက်ရောက်ရ မှာဖြစ်ပြီး အမျိုးသမီးတွေကိုတော့ ကင်းလွတ်ခွင့်ပြုထားပါတယ်။

 

ဂျာမနီနိုင်ငံဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

 

စစ်မှုထမ်းဥပဒေထဲမှာ အမျိုးသမီးတွေကိုထည့်သွင်းလိုက်ခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင် ဖို့လိုအပ်မှာဖြစ်ပေမဲ့ လူထုထောက်ခံမှုရှိနေတဲ့အတွက် မျှော်လင့်ထားတာထက် ပိုမိုလွယ်ကူလိမ့်မယ်လို့ ခန့်မှန်း ထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အခုစီစဉ်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့်လမှာ တရားဝင်ကြေညာသွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ပေါက်ကြားလာတဲ့စစ်ဘက်ဆိုင်ရာသတင်းတွေထဲမှာ အမျိုးသားတွေကိုသာ ရွေးချယ်သွားမယ့် စစ်မှုထမ်းဥပဒေ ပြဌာန်းဖို့ဆိုတဲ့ နောက်ထပ် အဆိုပြုချက်တစ်ခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

အဲဒီအစီအစဉ်အရ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း အွန်လိုင်းကတစ်ဆင့် စစ်မှုထမ်းဆောင်ခွင့် လျှောက်ထားရမှာဖြစ်ပေမဲ့ လျှောက်ထားသူအားလုံးကို စစ်မှုထမ်းဆောင်ဖို့ ခေါ်ယူမှာမဟုတ်ဘူးလို့လည်း ဆိုပါ တယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားက အနိုင်ရသွားခဲ့ရင် ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာနိုင် ကြောင်း အခုနှစ်အစောပိုင်းက ပေါက်ကြားလာတဲ့ ဂျာမန်စစ်သတင်းထဲမှာ ဖော်ပြထားပါတယ်။

 

တိုက်ခိုက်မှုဟာ ရုရှားနိုင်ငံရဲ့ အနောက်ပိုင်းဒေသတွေကနေ စတင်မယ်လို့ ခန့်မှန်းထားတဲ့အတွက် အိမ်နီးချင်း ဖြစ်တဲ့ ပိုလန်နိုင်ငံပေါ် ဖိအားတွေမြင့်တက်စေခဲ့ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုကလာနိုင်ဖွယ်ရှိတဲ့ ရက်စွဲဟာ ယူက ရန်းစစ်ပွဲကနေ ရုရှားတပ်တွေ ပြန်လည်အင်အားစုဖွဲ့ပြီးတဲ့ အချိန်ကိုက်ဖြစ်တဲ့ ၂၀၂၆ ခုနှစ် လောက်မှာဖြစ်နိုင် ကြောင်း ဂျာမန်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

 

အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲလာ သလို စစ်မှုထမ်းဥပဒေတွေပြဋ္ဌာန်းဖို့လည်း စဉ်းစားလာကြပါတယ်။

 

Ref: Germany Mulls Conscripting 18-Year-Olds amid Fear of Russian Attack

 

#PeopleMedia


Share this post