• Follow Us on

Home ရုရှားနိုင်ငံက ဒရဲကလပ်စတာဗုံးတွေ ၂၀၂၄ ခုနှစ်မှာ အများအပြားထုတ်လုပ်မည်

ရုရှားနိုင်ငံက ဒရဲကလပ်စတာဗုံးတွေ ၂၀၂၄ ခုနှစ်မှာ အများအပြားထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

 

ရုရှားနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကလပ်စတာဂလိုက်ဗုံးတွေကို စတင်ထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း The Defense Post မှာ ဖော်ပြထားပါတယ်။

 

ဒရဲဗုံးခေါ် ကလပ်စတာဗုံး ပထမအသုတ်ကို အခုနှစ်အတွင်း စတင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရ ပိုင် Rostec ကုမ္ပဏီကို ကိုးကားပြီး TASS သတင်းဌာနက ပြောပါတယ်။ ဗုံးအတွက် စမ်းသပ်မှုအားလုံးကို ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း Rostec ကုမ္ပဏီက ပြောပါတယ်။

 

၂၀၂၄ ခုနှစ်မှာ S-8KL ပဲ့ထိန်းကလပ်စတာဗုံး ၁၀၀၀၀ စတင်မိတ်ဆက်လိုက်တယ်ဆိုတဲ့ သတင်းတွေထက်ပေါ် လာပြီးနောက်မှာ အခုလို ဒရဲဗုံးခေါ် ကလပ်စတာဗုံးတွေ အစုလိုက်အပြုံလိုက်ထုတ်လုပ်မယ့်သတင်းထွက် ပေါ် လာတာဖြစ်ပါတယ်။

 

ဒရဲကလပ်စတာဗုံးတွေ ထုတ်လုပ်မယ့်အကြောင်း ၂၀၁၆ ခုနှစ်မှာကြေညာခဲ့ပြီး စမ်းသပ်စစ်ဆေးမှုတွေကို ၂၀၂၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

အတွင်းပိုင်းမှာ ဗုံး ၁၅ လုံးပါရှိပြီး ပေါင် ၁၁၉၀ (ကီလိုဂရမ် ၅၄၀) အလေးချိန်ရှိတဲ့ ဒရဲကလပ်စတာဗုံးဟာ လို အပ်တဲ့ပစ်မှတ်ရှိရာအကွာအဝေးကို တည့်တည့်ပံျသန်းသွားနိုင်ပြီး လိုအပ်တဲ့အချိန်မျာ ဗုံးအတွင်းပိုင်းကို ဖွင့်ချ နိုင်တယ်လို့ TASS သတင်းဌာနက ပြောပါတယ်။

 

“ဗုံးက သတ်မှတ်ထားတဲ့ပစ်မှတ်ပေါ်မှာ အလုပ်မလုပ်ခဲ့ဘူးဆိုရင် အချိန်တစ်ခုရောက်တာနဲ့ သူ့အလိုလို ဖောက် ခွဲပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။” လို့ TASS က ပြောပါတယ်။

 

အင်နာရှားစနစ်နဲ့ GPS/GLONASS ပဲ့ထိန်းလမ်းညွှန်စနစ်ကိုအသုံးပြုထားတဲ့ ဒီဗုံးမှာ တပ်ချင်းမှားမချမိအောင် ရန်သူတပ်/မိမိတပ် ခွဲခြားဖော်ထုတ်တဲ့ စနစ်တစ်ခုကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

ဒီကလပ်စတာဗုံးကို အမြင့်ပေ ၈.၆၉ မိုင် (၁၄ ကီလိုမီတာ) ကနေ ပစ်ချနိုင်ပြီး ၃၁ မိုင် (၅၀ ကီလိုမီတာ) အကွာ အဝေးအထိ ပျံသန်းသွားနိုင်တယ်လို့ ဆိုပါတယ်။

 

ရန်သူ့တင့်ကား/သံချပ်ကာယာဉ်တွေ၊ မြေပြင်အခြေစိုက်ရေဒါစခန်းတွေ၊ ဓာတ်အားပေးစက်ရုံ/ထိန်းချုပ်ရေးစက် ရုံတွေနဲ့ လေကြောင်းရန်ကာကွယ်ရေဒုံးကျည်စနစ်တွေလို ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ဖို့အတွက် ဒီက လပ်စတာဗုံးကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

ဒီကလပ်စတာဗုံးဟာ ရန်သူ့ရေဒါဖမ်းယူရခက်ခဲပြီး အီလက်ထရောနစ် စစ်ဆင်ရေးကိုလည်း ရှောင်လွှဲနိုင်စွမ်းရှိ တယ်လို့ ဆိုပါတယ်။

 

Ref: Russia to Mass Produce Cluster ‘Glide’ Munition in 2024

 

#PeopleMedia


Share this post