• Follow Us on

Home ရုရှားနိုင်ငံက လေသူရဲနှစ်ယောက်စီး ကိုယ်ပျောက်နည်းဗျူဟာ Su-30MK ဂျက်တိုက်လေယာဉ်ကို မူပိုင်ခွင့် မှတ်ပုံတင်

ရုရှားနိုင်ငံက လေသူရဲနှစ်ယောက်စီး ကိုယ်ပျောက်နည်းဗျူဟာ Su-30MK ဂျက်တိုက်လေယာဉ်ကို မူပိုင်ခွင့် မှတ်ပုံတင်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

 

ရုရှားနိုင်ငံက United Aircraft Corporation ဟာ လေသူရဲနှစ်ယောက်စီး ကိုယ်ပျောက်နည်းဗျူဟာဂျက်တိုက် လေယာဉ်အမျိုးအစားတစ်ခုကို မူပိုင်ခွင့်မှတ်ပုံတင်လိုက်ပါတယ်။

 

Su-30MK ဂျက်တိုက်လေယာဉ်ကိုအခြေခံတည်ဆောက်ထားတဲ့ ဒီဂျက်တိုက်လေယာဉ်ဟာ ရေဒါဖမ်းယူရခက်ခဲ ခြင်း/ စွမ်းဆောင်ရည်မြင့်မားခြင်းတို့လို ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်ရဲ့ သွင်ပြင်လက္ခဏာတွေပါရှိ တယ်လို့ ဆိုပါတယ်။

 

“အခုအသစ်တီထွင်လိုက်တဲ့ ဒီဂျက်တိုက်လေယာဉ်ရဲ့ နည်းပညာအောင်မြင်မှုက ရန်သူ့ရေဒါတွေ ဖမ်းယူရခက် ခဲဖို့ရယ်၊ လေယာဉ် တက်ဆုတ်လှုပ်ရှား စွမ်းဆောင်အားမြင့်မားဖို့ရယ်၊ ဆူပါဆောနစ်/ဆပ်ဆောနစ်အရှိန်တွေနဲ့ ပျံသန်းတဲ့အခါ လေထဲထုက ဖြတ်သန်းမှုစွမ်းရည်ကို မြှင့်တင်နိုင်ဖို့ရယ်၊ သတင်းနဲ့ နည်းပညာ အပြန်အလှန် ဖ လှယ်နိုင်ရေးစွမ်းဆောင်ရည်ကို တိုးချဲ့ဖို့ရယ်ဖြစ်ပါတယ်။” လို့ မူပိုင်ခွင့်ထဲမှာ ဖော်ပြထားပါတယ်။

 

Su-30MK ဘက်စုံသုံးဂျက်တိုက်လေယာဉ်ဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အပါအဝင် လေတပ်တစ်ဒါဇင်လောက် မှာ အသုံးပြုနေတဲ့ Su-30M ဂျက်တိုက်လေယာဉ်ကိုအဆင့်မြှင့်တင်ထားတဲ့ ပြည်ပပို့ကုန်မူကွဲ ဂျက်တိုက်လေ ယာဉ်ဖြစ်ပါတယ်။

 

မြေပြင်/ဝေဟင် ပစ်မှတ်တွေကို ရှာဖွေတိုက်ခိုက်တဲ့အပြင် လေယာဉ်အမျိုးအစားပေါင်းများစွာပါဝင်တဲ့ ကွန်ရက် ဗဟိုပြုစစ်ဆင်ရေးတာဝန်တွေထမ်းဆောင်တဲ့အချိန်မှာ Su-30MK ဂျက်တိုက်လေယာဉ်ကို လေကြောင်းစစ်ဆင် ရေးကွပ်ကွဲမှုဌာနချုပ်အဖြစ်လည်း အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

 

မောင်းသူပါလေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကို ကြီးကြပ်တဲ့ လေကြောင်းစစ်ဆင်ရေးဌာနချုပ်တစ်ခု အနေနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် တွဲဖက်လေယာဉ်မှူးအခန်း (လေသူရဲနောက်အခန်း) ကို လိုအပ် တာတွေ ပြင်ဆင်သွားမှာဖြစ်ကြောင်း မူပိုင်ခွင့်ထုတ်ဖော်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

Su-30MK ဂျက်တိုက်လေယာဉ်ဟာ စစ်ဆင်ရေးဌာနချုပ်နှစ်ခုအနေနဲ့ တပြိုင်တည်းမှာ Okhotnik တိုက်ခိုက်ရေး ဒရုန်း ၄ စင်းကို ကြီးကြပ်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ လေသူရဲနှစ်ယောက်စီး Su-57 ဂျက်တိုက်လေယာဉ် နဲ့ ပုံစံတူတယ်လို့ ဆိုပါတယ်။

 

ပုံမှန်အားဖြင့် တတိယမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေနဲ့ စတုတ္ထမြောက်မျိုးဆက် ဂျက်တိုက်လေယာဉ် တွေမှာ လက်နက်စနစ်တွေနဲ့ ရေဒီယိုစစ်ဆင်ရေးကိစ္စတွေကို နောက်ခန်းလေသူရဲက ဆောင်ရွက်ပြီး ပျံသန်းရေး ကိစ္စကို ရှေ့ခန်းလေသူရဲက ဆောင်ရွက်လေ့ရှိပါတယ်။

 

ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်မှာတော့ လက်နက်စနစ်တွေကို ကွန်ပျူတာထိန်းချုပ်မှုနဲ့ တပ်ဆင် ထားတာဖြစ်လို့ တွဲဖက်လေယာဉ်မှူးက ဆောင်ရွက်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်မှာ ကြီးကြပ်မှုစနစ်ကို လေသူရဲတစ်ဦးကနေ တခြားတစ်ဦး ထံကို တာဝန်လွှဲပြောင်းပေးနိုင်ဖို့ လိုအပ်တာမှန်သမျှ လေသူရဲအခန်းထဲမှာ ထည့်သွင်းတပ်ဆင်ထားတဲ့အပြင် တိုက်ခိုက်ရေးအမောင်းသင်လေယာဉ်အဖြစ်ပါ အသုံးပြုနိုင်အောင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ် တယ်လို့ ဆိုပါတယ်။

 

Ref: Russia Patents Stealth Twin-Seat Su-30MK Fighter

 

#PeopleMedia


Share this post