• Follow Us on

Home ရုရှားနိုင်ငံထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက် ယူကရိန်း ခါကိဗ်မြို့ ပြန်လည်တိုက်ခိုက်ခံရ

ရုရှားနိုင်ငံထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက် ယူကရိန်း ခါကိဗ်မြို့ ပြန်လည်တိုက်ခိုက်ခံရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

ယူကရိန်းနိုင်ငံ အရှေ့မြောက်ဒေသ ခါကိဗ်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုနဲ့ ပွဲတော်အခမ်းအနားကျင်းပနေ တဲ့ နေရာတွေကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်နေ့) က ရုရှားနိုင်ငံက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၅ ဦးအပါအဝင် ၄၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်တွေက ပြောပါ တယ်။

 

ရုရှားတပ်တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက အဓိက မြို့တစ်မြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အ တွင်း ယူကရိန်းက ရုရှားနိုင်ငံထဲကို အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အဲဒီနေ့ အစောပိုင်း က ရုရှားအစိုးရက ပြောပါတယ်။

 

ခါကိဗ်မြို့ အခုလို တိုက်ခိုက်ခံရတဲ့အတွက် ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ရာမှာ အနောက်နိုင်ငံ တွေက ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ထပ် မံတောင်းဆိုလိုက်ပါတယ်။

 

ရုရှားနိုင်ငံ အနောက်ပိုင်းကို သြဂုတ်လ ၆ ရက်နေ့က ထိုးဖောက်တိုက်ခိုက်လာတဲ့ ယူကရိန်းတပ်တွေကို ပြန် လည်မောင်းထုတ်ဖို့ ကြိုးပမ်းနေစဉ်အတွင်း ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ကြီးတစ်ခု ဆင် နွှဲတိုက်ခိုက်နေပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း စွမ်းအင်အဆောက်အဦတွေအပါအဝင် ယူကရိန်းနိုင်ငံက ပစ်မှတ်တွေကို ရုရှားက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိဘဲ တရားဝင်စစ်ဘက်ပစ်မှတ်ဖြစ်တဲ့ စွမ်းအင် အ ဆောက်အဦတွေကိုသာ တိုက်ခိုက်တာဖြစ်ကြောင်း ပြောဆိုပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စစ်ပွဲစတင်ဖြစ် ပွားကတည်းက ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းအရပ်သား အများအပြားသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

 

ပြည်တွင်းမှာ ဒရုန်းတွေ အလျင်အမြန် တိုးမြှင့်ထုတ်လုပ်နေတဲ့ ယူကရိန်းကလည်း ရုရှားစွမ်းအင်အဆောက်အဦ တွေ၊ စစ်ဘက်ဆိုင်ရာအဆောင်အဦတွေနဲ့ သယ်ယူပို့ဆောင်ရေးအဆောက်အဦတွေကို ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ စစ်ရေးစွမ်းရည်ကို ထိထိရောက်ရောက် တိုက်ခိုက်ဟန့်တားနိုင်အောင် ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ တိုက်ခိုက်ရာမှာ အနောက်အုပ်စုထောက်ပံ့ထားတဲ့ လက်နက်တွေကို အသုံးပြု ခွင့်ပေးဖို့ ယူကရိန်းအစိုးရက အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တောက်လျှောက်တောင်းဆိုနေပါတယ်။

 

“ဒီအကြမ်းဖက်မှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာကြီးရဲ့ လိုအပ်တဲ့အင်အားအားလုံးကို ယူဆောင်လာရမှာဖြစ်ပါ တယ်။” လို့ ဒုံးကျည် ၁၀ စင်းထက်မနည်း အသုံးပြုခဲ့တဲ့ ရုရှားတွေရဲ့ ခါကိဗ်တိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ ဇီလန် စကီးက ၎င်းရဲ့ တယ်လီဂရမ်အကောင့်မှာ ပြောပါတယ်။

 

အစောပိုင်းကတော့ ယူကရိန်းဒရုန်း ၁၅၈ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့ပြီး ပျက် ကျသွားတဲ့ ဒရုန်းအပျက်အစီးတွေကြောင့် မော်စကို ရေနံချက်စက်ရုံနဲ့ ကိုနာကိုဗို ဓာတ်အားပေးစက်ရုံတို့မှာ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်တည်းမှာပဲ ရုရှားနိုင်ငံဟာ ဒုံးကျည် အစင်း ၁၆၀၊ ပဲ့ထိန်းဗုံး ၇၈၀ နဲ့ တိုက်ခိုက်ရေး ဒရုန်း အစင်း ၄၀၀ အသုံးပြုပြီး ယူကရိန်းနိုင်ငံတစ်ဝန်းက မြို့ကြီးတွေနဲ့ ယူကရိန်းတပ်တွေကို တိုက်ခိုက်ခဲ့ ကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

Ref: Kharkiv struck by missiles after Ukraine launches mass drone attack on Russia

 

#PeopleMedia


Share this post