• Follow Us on

Home ရုရှားနိုင်ငံထဲက စစ်ဆင်ရေးမှာအသုံးပြုဖို့ ATV ယာဉ်တွေ၊ Drone တွေ၊ EW စနစ်တွေ ယူကရိန်းလက်ခံရရှိ

ရုရှားနိုင်ငံထဲက စစ်ဆင်ရေးမှာအသုံးပြုဖို့ ATV ယာဉ်တွေ၊ Drone တွေ၊ EW စနစ်တွေ ယူကရိန်းလက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀

 

ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံအတွင်းပိုင်းမှာ ဆင်နွှဲနေတဲ့စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့အတွက် မြေပြင်မရွေး သွားလာနိုင်တဲ့ယာဉ်တွေ၊ ဒရုန်းတွေနဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကို လက်ခံရရှိခဲ့ပါတယ်။

 

ယူကရိန်းသမ္မတဟောင်းနဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ပက်ထရိုပိုရိုရှန်ကိုက နိုင်ငံတကာက လှူဒါန်းတဲ့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသ စစ်ဆင်ရေးမှာ အသုံးပြုဖို့အတွက် ယူကရိန်းတပ်မ တော်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

အဲဒီစစ်လက်နက်ပစ္စည်းတွေထဲမှာ နေ့ခင်းဘက်အသုံးပြုတဲ့ DJI Mavic မောင်းသူမဲ့လေယာဉ် ၅၁ စင်း၊ ည ဘက်အသုံးပြုတဲ့ DJI Mavic မောင်းသူမဲ့လေယာဉ် ၁၇ စင်းနဲ့ FPV တိုက်ခိုက်ရေးဒရုန်း ၁,၂၀၅ စင်းတို့လည်း ပါဝင်ပါတယ်။

 

တိုက်ခိုက်ရေးစစ်သည်တွေအထောက်အကူပြုအသုံးပြုဖို့နဲ့ ဒဏ်ရာရစစ်သည်တွေ ဘေးကင်းလုံခြုံရာ သယ်ယူ ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် မြေပြင်မရွေးသွားလာနိုင်တဲ့ယာဉ် (ATV) ၁၂ စီးကိုလည်း လွှဲပြောင်းပေးခဲ့ပါတယ်။

 

ဒါ့အပြင် ရုရှားအသေခံဒရုန်းတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ရာမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ပိုမိုထိရောက် စွာ ကာကွယ်နိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ Shatro 50-1M EW စနစ် (အီလက်ထရောနစ်စစ် ဆင်ရေးစနစ်) ၉ စုံကိုလည်း လက်ခံရရှိထားပါတယ်။

 

ဒီ Shatro 50-1M EW စနစ်ဟာ ရောက်ရှိလာတဲ့ ရန်သူ့ဒရုန်းတွေကို ကာကွယ်ဖို့အတွက် ရေဒီယိုလှိုင်းနှုန်း တွေကို မီတာ ၂၅၀ (ပေ ၈၂၀) အကွာအဝေး အချင်းဝက်ပတ်လည်မှာ လိပ်ခုံးပုံသဏ္ဍန် ကြားဖြတ် ထုတ်လွှင့် ပေးမှာဖြစ်ပြီး အဲဒီစနစ်က ပါဝါ ၅၀ ဝပ်ထုတ်လွှတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

အခုလ အစောပိုင်းတုန်းက ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ အနောက်ပိုင်းက ကာ့စ်ခ်မြို့အပါအဝင် ကာ့စ်ခ် ဒေသကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေရဲ့ စောင့်ကြည့်ထောက်လှမ်းလက်နက်စနစ်တွေကို ဖျက်ဆီးဖို့နဲ့ ရန်သူ့ နယ်မြေထဲကို ဆက်လက်ချီတက်နိုင်ဖို့အတွက် ဒရုန်းတွေနဲ့ jammer အများအပြားကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ရုရှားနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်ပြီး တစ်ပတ်အကြာမှာ ယူကရိန်းတပ်တွေဟာ စတုရန်းကီလိုမီ တာ ၈၀၀ (စတုရန်းမိုင် ၃၀၈ ဝန်းကျင်) ရှိ ရုရှားမြို့ရွာတွေကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း စစ်ပွဲလေ့လာရေး အင်စတီကျူ (ISW) က ပြောပါတယ်။

 

အခု ကာ့စ်ခ်ဒေသတိုက်ခိုက်မှုဟာ ရုရှားတပ်တွေ နောက်ထပ် နယ်စပ်ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်တာကို ကြိုတင်ကာကွယ်ဖို့အတွက် “ကြားခံနယ်မြေတစ်ခု” အဖြစ် ဖန်တီးဖို့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

Ref: Ukraine Receives Dozens of Drones, ATVs, EW Systems for Use inside Russia

 

#PeopleMedia


Share this post