ရုရှားနိုင်ငံထဲက S-300 ဒုံးကျည်စနစ်တစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းပြော

PUBLISHED - June 4, 2024
နိုင်ငံတကာ၊ ဇွန် ၄
ယူကရိန်းတပ်ဖွဲ့ဟာ အနောက်နိုင်ငံကထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းထဲ က ရုရှားစစ်တပ်ရဲ့ S-300 ဒုံးကျည်စနစ်တစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း တနင်္လာနေ့ (ဇွန်လ ၃ ရက် နေ့) က ပြောကြားလိုက်ပါတယ်။
“ရုရှား S-300 ဒုံးကျည်စနစ် မီးလောင်နေတာ လှလိုက်တာ။ အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့လက်နက် တွေကို ရုရှားနိုင်ငံပိုင်နက်ထဲအထိ တိုက်ခိုက်ဖို့ ခွင့်ပြုချက်ရခဲ့တဲ့ ပထမဦးဆုံးနေ့မှာပဲ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။” လို့ ယူကရိန်းအစိုးရဝန်ကြီး အီရီနာဗလာရီရှခ်က ၎င်းရဲ့ facebook လူမှုကွန်ရက်မှာ ရေးသား ထားပါတယ်။
ဥရောပလေးငါးနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် လက်နက်သုံးစွဲမှုကန့်သတ်ထားတာတွေ ဖယ်ရှားလိုက်ပြီး ခါကိဗ် မြို့ကိုကာကွယ်ရာမှာ အမေရိကန်လက်နက်တွေကို ခါကိဗ်တစ်ဝိုက်က ရုရှားပိုင်နက်ထဲအထိ ပစ်ခတ်တိုက်ခိုက် ခွင့်ပြုကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ရုရှားပိုင်နက်ထဲကို ပစ်ခတ်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ရုရှားနိုင်ငံထဲက ပစ်မှတ်ကို တိုက်ခိုက်ခဲ့တာ အမေရိကန်ထောက်ပံ့ထားတဲ့ လက်နက် ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ခါကိဗ်မြို့ကို ကာကွယ်ရာမှာ ယူကရိန်းတပ်တွေကို အထောက်အကူပြုမယ့် ခြေလှမ်းတစ်ရပ်အဖြစ် ရုရှားနိုင်ငံ အတွင်းပိုင်းအထိ တိုက်ခိုက်ခွင့်ပြုခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ကို ယူကရိန်းသမ္မတဗလာဒီမာဇီလန် စကီးက ချီးကျူးပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ကီလိုမီတာ ၃၀၀ (မိုင် ၂၀၀) အထိ ပစ်ခတ်နိုင်တဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ယူကရိန်းကို ခွင့်မပြုဖို့ ခိုင်ခိုင်မာမာ ရပ်တည်ထားတဲ့အတွက် စစ်ရေးဆန်းစစ်လေ့ သူတွေက အများကြီးမျှော်လင့်မထားဘူးလို့ဆိုပါတယ်။
အဲဒီလို တာဝေးပစ်လက်နက်တွေအစား ယူကရိန်းအနေနဲ့ ကီလိုမီတာ ၇၀ ( မိုင် ၄၀) အတွင်း ပစ်ခတ်နိုင်တဲ့ GMLRS ဒုံးကျည်လို တာတိုပစ်လက်နက်မျိုးတွေကိုသာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ခွင့်ပြုလိုက်တာ စစ်ပွဲရဲ့စာမျက်နှာသစ်ဖွင့်လှစ်လိုက်တာလို့ ပြောနိုင်ပေမဲ့ ယူကရိန်းက အနောက်နိုင်ငံ ထုတ်လက်နက်တွေနဲ့ တိုက်ခိုက်တာကို စစ်ပွဲတစ်လျှောက်လုံး ရုရှားတပ်တွေက တွေ့ကြုံပြီးသားဖြစ်တယ်လု့ိ ဆိုပါတယ်။
Ref: Ukraine claims it hit missile system inside Russian territory using Western weapons
#PeopleMedia