• Follow Us on

Home ရုရှားနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ ပေးအပ်

ရုရှားနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ ပေးအပ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံက ပေးအပ်သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများတင်ဆောင်လာသော ရုရှား နိုင်ငံမှ ကုန်တင်လေယာဉ်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် ရှိခဲ့သည်၊၊

 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို နံနက် (၉) နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ ကျင်းပသည်၊၊

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်၊၊

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း နှင့်ရုရှားနိုင်ငံ EMERCOM မှ Mr. Andrei KHOMENKO တို့က မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံလက်မှတ်ရေးထိုးပြီး လဲလှယ်ကြသည်၊၊

 

မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့် ပြည်သူများအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တင်ဆောင်လာသော အကူ အညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁၀ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ ဖြစ်ကြောင်းသိရသည်၊၊

 

#PeopleMedia


Share this post