• Follow Us on
Latest News

Home ရုရှားနိုင်ငံအတွင်းပိုင်း ကီလိုမီတာ ၁၂၀၀ ဝန်းကျင်အထိ ယူကရိန်းဒရုန်း စံချိန်တင်သွားရောက်တိုက်ခိုက်

ရုရှားနိုင်ငံအတွင်းပိုင်း ကီလိုမီတာ ၁၂၀၀ ဝန်းကျင်အထိ ယူကရိန်းဒရုန်း စံချိန်တင်သွားရောက်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ မေ ၁၀

 

ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ SBU ဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင်) နီးပါး ဝေး ကွာတဲ့အရပ်မှာတည်ရှိတဲ့ ရုရှားရေနံချက်စက်ရုံတစ်ခုကို ဒရုန်းနဲ့ စံချိန်တင်သွားရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးသတင်းရင်းမြစ်တစ်ဦးက ကြာသပတေးနေ့ (မေလ ၉ ရက်) နေ့က ပြောပါတယ်။

 

ရုရှားနိုင်ငံ ဘက်ရှ်ကာတတ်စ်တန်ပြည်နယ်က ရေနံချက်စက်ရုံကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ စံချိန် တင်အကွာအဝေးကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။

 

တိုက်ပွဲဝင်ခဲ့တဲ့ဒရုန်းဟာ ကီလိုမီတာ ၁၅၀၀ အကွာအဝေးကို ပျံသန်းခဲ့တာဖြစ်ကြောင်း အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

 

ရုရှားနိုင်ငံတောင်ပိုင်း ကရန်နိုဒါဒေသမှာရှိတဲ့ ရေနံစက်ရုံနှစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

“ရန်သူကို ထိခိုက်အာင်တိုက်ခိုက်ဖို့ ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့မှာ အင်အားကောင်းတဲ့ နည်းပညာ လက်နက်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာ SBU တပ်ဖွဲ့က နောက်ထပ် သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

ရုရှားစွမ်းအင်ကုမ္ပဏီ ဂက်ဇ်ပရုမ် (Gazprom) ပိုင်ဆိုင်တဲ့ ဘက်ရှ်ကာတတ်စ်တန်ပြည်နယ်က ဆလာဗတ်ရေ နံချက်စက်ရုံက ရေနံဖြန့်ဖြူးရေးစက်ရုံတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဌာနက ကြာ သပတေးနေ့က ပြောပါတယ်။

 

“မီးလောင်တာမရှိသလို သေဆုံးတာလည်း မရှိပါဘူး။” လို့ အရေးပေါ်ပေါ်အခြေအနေ ဝန်ကြီးဌာနက လူမှုကွန် ရက်ပေါ်မှာ တင်ထားပါတယ်။

 

ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မီးခိုးတွေအူတက်လာတာတွေ့ရပေမဲ့ စက်ရုံကတော့ ပုံမှန်အတိုင်းဆက် လက်လည်ပတ်နေကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

 

နာဇီဂျာမနီကို ဆိုဗီယက်က အနိုင်ရရှိခဲ့တဲ့ နှစ်ပတ်လည်အခမ်းအနား ရုရှားနိုင်ငံက ကျင်းပနေစဉ်အတွင်းမှာ အခုလို ရေနံချက်စက်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

“ဒီတိုက်ခိုက်မှုဟာ ကျွန်တော်တို့ရဲ့ အထိမ်းအမှတ်အားလပ်ရက်ကို ပျက်စီးအောင် ဆောင်ရွက်တာပဲဖြစ်ပါ တယ်။ ကျွန်တော်တို့ အဲဒီရန်လိုမှုကို လက်မြှောက်အရှုံးပေးသွားမှာမဟုတ်ပါဘူး။ ပျော်ရွှင်သော အောင်ပွဲနေ့ ဖြစ်ပါစေ။” လို့ ဘက်ရှ်ကာတတ်စ်တန်ပြည်နယ် အကြီးအကဲ ရာဒီခါဗီရော့ဗ်က ပြောပါတယ်။

 

Ref: Ukraine Drone Reaches Deep Into Russia in Record Strike: Defense Source

 

#PeopleMedia


Share this post