• Follow Us on
Latest News

Home ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိမြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်မည့်အခြေအနေများဆွေးနွေး

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိမြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်မည့်အခြေအနေများဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား ဖက်ဒေရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွား ကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန် အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင် စစ်ဝန်ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့ တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား  Sister Cities အဖြစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက် ရောက်ကြပြီးရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 

#PeopleMedia


Share this post