• Follow Us on
Latest News

Home ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် စစ်တက္ကသိုလ်တို့သို့သွားရောက်လေ့လာ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် စစ်တက္ကသိုလ်တို့သို့သွားရောက်လေ့လာ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၉

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြသည်။

 

ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) သို့ သွားရောက်လေ့လာကြပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး ဦး ဆောင်သည့် တက္ကသိုလ်ပညာရပ်အဖွဲ့များနှင့် တွေ့ဆုံ၍ တက္ကသိုလ်ရှိ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းနှင့် အဆင့်မြင့်အရာထမ်းသင်တန်းတို့တွင် သင်ခန်းစာများပို့ချရေး၊ တက္ကသိုလ်ရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချရေးနှင့် ရုရှားဘာသာစကား သင်ကြား ပို့ချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ အခြေခံစစ် ရေးပြနှင့် လက်နက်ငယ်ဘာသာရပ် သင်ခန်းစာ သင်ယူလေ့ကျင့်နေမှု၊ တက္ကသိုလ် စက်ပစ်ကွင်း၌ လက် တွေ့ပစ်ခတ်လေ့ကျင့်နေမှု၊  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၄) နှင့် အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၆) တို့တွင် သင်ခန်းစာများ ပို့ချနေမှုနှင့် သင်တန်းအိပ်ဆောင်အတွင်း ခင်းကျင်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွား ရောက်လေ့လာကြသည်။

 

ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တက္ကသိုလ်ပြတိုက်နှင့် ဗိုလ်လောင်းတပ်ရင်း များကို လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post