• Follow Us on
Latest News

Home ရုရှားနဲ့ကပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ နယ်စပ်တစ်လျှောက် ဒရုန်းနံရံတစ်ခု တည်ဆောက်မည်

ရုရှားနဲ့ကပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ နယ်စပ်တစ်လျှောက် ဒရုန်းနံရံတစ်ခု တည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ မေ ၂၇

 

ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘော်လတစ်သုံးနိုင်ငံနဲ့ တခြားနေတိုးအဖွဲ့ဝင်နိုင်ငံသုံးနိုင် ပူးပေါင်းပြီး ရန်စ ကျူးကျော်မှုကိုကာကွယ်ဖို့အတွက် နယ်စပ်တစ်လျှောက် “ဒရုန်းနံရံ” တစ်ခု တည်ဆောက်သွားဖို့ သဘောတူ ညီလိုက်ပြီဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံက သောကြာနေ့ (မေလ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်း လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့အချိန် မှာ ကာကွယ်ရေးအတွက် အခုလို မောင်းသူမဲ့လေယာဉ်တွေကိုအသုံးပြုမယ့်အစီအစဉ်ကို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

 

အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ ဖင်လန်၊ နော်ဝေနဲ့ ပိုလန်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး ပြီးနောက်မှာ လစ်သူယေးနီးယားပြည်ထဲရေးဝန်ကြီး အဂညီးဘီလိုးထိုင်ယီတီး (Agne Bilotaite) က အခုအစီ အစဉ်ကို ကြေညာလိုက်တာဖြစ်ပါတယ်။

 

“ဒါဟာ လုံးဝ အစီအစဉ်အသစ်တစ်ခုဖြစ်ပါတယ်။ နော်ဝေကနေ ပိုလန်အထိ ဆွဲဆန့်ထားမယ့် ဒရုန်းနံရံအစီအ စဉ် တစ်ခုပါ။ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့ နယ်စပ်ကိုကာကွယ်ဖို့အတွက် ဒရုန်းတွေနဲ့ တခြားနည်းပညာ တွေကို အသုံးပြုသွားဖို့ပဲဖြစ်ပါတယ်။” လို့ ၎င်းက BNS သတင်းဌာနကို ပြောပါတယ်။

 

“ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ စောင့်ကြည့်ထောက်လှမ်းစနစ်တွေသာမက ဒရုန်းတွေနဲ့ တခြား နည်းပညာတွေကလည်း ရန်လိုတဲ့နိုင်ငံတွေရဲ့ ကျူးကျော်ရန်စမှုတွေကို ကာကွယ်ဖို့ရော မှောင်ခိုကုန်ကူးမှုတွေ ကို တားဆီးဖို့ရော ကျွန်မတို့ကို အထောက်အကူပြုသွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

နယ်စပ်ကို စောင့်ကြည့်ဖို့ ဒရုန်းတွေ တပ်ဖြန့်ချထားတာအပြင် အခုသဘောတူညီလိုက်တဲ့နိုင်ငံတွေဟာ ရန်သူ့ မောင်းသူမဲ့လေယာဉ်တွေကို တားဆီးဖို့အတွက် ဒရုန်းကာကွယ်ရေးစနစ်တွေကိုလည်း အသုံးပြုသွားမှာဖြစ် တယ်လို့ ဆိုပါတယ်။

 

စီမံချက်ဆောင်ရွက်မယ့် အချိန်အသေးစိတ်ကိုတော့ ပြည်ထဲရေးဝန်ကြီး ဘီလိုးထိုင်ယီတီးက ပြောကြားခြင်းမရှိ ပါဘူး။

 

Ref: NATO Members Bordering Russia to Build ‘Drone Wall’

 

#PeopleMedia


Share this post