ရုရှားနဲ့ စစ်ပွဲဆင်နွှဲဖို့ ဗြိတိန်နဲ့ ဥရောပ အသင့်ပြင်ထားဖို့လိုကြောင်း စစ်ရေးကျွမ်းကျင်သူပြော
PUBLISHED - January 22, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂
ဗြိတိန်နိုင်ငံနဲ့ ဥရောပအဖွဲ့ဟာ ရုရှားနဲ့ဖြစ်လာနိုင်တဲ့စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ဗြိတိန် ကြည်းတပ်စစ်ပြန်ရောဘတ်ကလပ်ခ်က The Telegraph က မကြာသေးခင်က ထုတ်လွှင့်ခဲတဲ့ စာမျက်နှာမှာ သတိပေးရေးသား လိုက်ပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ အနာဂတ်ကာလမှာ ရုရှားရန်ကိုကာကွယ်ရေးအကူအညီရရှိဖို့အတွက် အမေရိကန်ပြည် ထောင်စုကို မှီခိုအားကိုးနေရတာကို ပြန်လည်စဉ်းစားဖို့ လိုအပ်ကြောင်း ဗြိတိန်ကြည်းတပ်ထဲမှာ ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကလပ်ခ်က ပြောပါတယ်။
“စစ်ပွဲအတွက် ဗြိတိန်နိုင်ငံက ကြိုတင်ပြင်ဆင်ထားရမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့အထဲမှာ “အမေရိ ကန်ဟာ ဒီအချိန်မှာ မိမိတို့ကိုကယ်တင်မှာမဟုတ်ကြောင်း”၊ “ငြိမ်းချမ်းရေးကာလအကျိုးအမြတ်ခွဲယူရေးခေတ်” ဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရေးသားထားပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်မှာ စစ်အေးတိုက်ပွဲလွန်ကာလမှာ စစ်ရေးအသုံးစရိတ်တွေကို လျှော့ချ လိုက်ပြီး လူထုရန်ပုံငွေတွေကို တခြားနေရာတွေမှာ သုံးစွဲလာနိုင်ပြီဖြစ်တယ်ဆိုတဲ့ အယူအဆကို အမေရိကန် သမ္မတဟောင်း ဂျော့အိပ်ချ်ဒဗလျူဘုရှ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့က လူသိများအောင် ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်မှုအပြင် တပ်သားသစ်စုဆောင်ရေးမြှင့်တင်ဖို့ကိစ္စဟာလည်း မရေရာတဲ့အနာ ဂတ်ကာလမှာ ပိုမိုလွတ်လပ်တဲ့တပ်မတော်တစ်ရပ်ဖြစ်လာဖို့ ဗြိတိန်နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ကိစ္စဖြစ် ကြောင်း တနင်္ဂနွေနေ့က Newsweek ကို အကြောင်းပြန်ကြားခဲ့တဲ့စာထဲမှာ ကလပ်ခ်က ရေးသားထားပါတယ်။
“အမျိုးသားစစ်မှုထမ်းဆောင်ဖို့၊ ခရီးသွားလာဖို့နဲ စွန့်စားမှုတွေပြုလုပ်ဖို့ အဲဒီအထဲက တစ်ခုခုဆောင်ရွက်ဖို့ဆို တဲ့အတွေးမျိုးဟာ အမေရိကန်မှာရော ဗြိတိန်နိုင်ငံမှာပါရှိတဲ့ လူငယ်တွေကို မဆွဲဆောင်နိုင်တော့ဘူးဆိုတာ မှတ်တမ်းတွေရှိပါတယ်။” လို့ ဝါရှင်တန်မြို့ ယော့ခ်တောင်းအင်စတီကျူက ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကလပ်ခ်က ပြောပါတယ်။
“ဒါ့ကြောင့် အဖွဲ့အစည်းတစ်ခုအတွင်း အလျားလိုက်ရွေ့လျားနိုင်ဖို့အတွက် ဘဏ္ဍာရေးတည်ငြိမ်မှု၊ လုပ်ငန်းတိုး တက်မှုနဲ့ အခွင့်အလမ်းတွေကပေးစွမ်းနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့အညီ တပ်သားသစ်ရရှိဖို့အတွက် ကမ်းလှမ်းမှု တွေနဲ့ ဆွဲဆောင်မှုတွေဟာ ပိုမိုကောင်းမွန်လာရမှာဖြစ်ပါတယ်။ တခြားအစိုးရဝန်ထမ်းတွေထက် လစာမြင့်မြင့် မားမားပေးဖို့ကလည်း မဖြစ်မနေလုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တပ်သားသစ်စုဆောင်းရေးမြှင့်တင်ဖို့ကိစ္စတင်အရေးကြီးတာမဟုတ်ဘဲ တပ်မတော်တွင်းမှာ ဆက်လက်ထိန်း သိမ်းထားနိုင်ရေးကလည်း အရေးကြီးကြောင်း အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ကလပ်ခ်က Newsweek ကို ပြောပါတယ်။
“ဆန္ဒအလျောက်တပ်မတော်ထဲဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ အရေးကြီးတဲ့အပြင် တပ်သားသစ်စုဆောင်းရေး သာမက တပ်မတော်တွင်းစစ်သည်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးကပါ အရေးကြီးတယ်ဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေ စတင်စဉ်းစားဖို့လိုအပ်လာပြီဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ အနိုင်ရသွားတာနဲ့ ရုရှားနိုင်ငံဟာ မယ်လ်ဒိုဗာ ဒါမှမဟုတ် ဂျော်ဂျီယာကို တိုက်ခိုက်လာနိုင်ပြီး အဲဒီကတစ်ဆင့် ရုရှားဟာ ဘော်လတစ်သုံးနိုင်ငံကို ဆက်လက်တိုက်ခိုက်လာနိုင်ကြောင်း ကလပ်ခ်က ၎င်းရဲ့ ဆောင်းပါးထဲမှာရေးသားထားပါတယ်။
လက်ရှိအချိန်မှာရော အနာဂတ်ကာလမှာပါ အမေရိကန်စစ်တပ်ရဲ့ အကျိုးစီးပွားဆောင်ရွက်မှုတွေဟာ အရှေ့ အလယ်ပိုင်းဒေသနဲ့ ပစိဖိတ်ဒေသမှာသာရှိပြီး ၎င်းတို့ကိုယ်၎င်းတို့ကာကွယ်ဖို့ ဥရောပကို စွန့်လွှတ်သွားမှာဖြစ် ကြောင်း ကလပ်ခ်က ပြောပါတယ်။
Ref: Europe Must Prepare for War with Russia: Military Expert Warns
#PeopleMedia