• Follow Us on

Home ရုရှားနဲ့ သတ္တိရှိရှိ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်းပေမဲ့ ယူကရိန်းပယ်ချ

ရုရှားနဲ့ သတ္တိရှိရှိ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်းပေမဲ့ ယူကရိန်းပယ်ချ

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

စစ်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့ ယူကရိန်းနိုင်ငံအနေနဲ့ စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ရုရှားနဲ့ စေ့စပ်ညှိ နှိုင်းသင့်ပြီး စားပွဲဝိုင်းမှာထိုင်ပြီး ငြိမ်းချမ်းရေးစကားပြောဆိုဆွေးနွေးဖို့ ရှက်ရွံ့မနေသင့်ကြောင်း ပုပ်ရဟန်းမင်း ကြီးဖရန်စစ်က အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့လက ဆွစ်အသံလွှင့်ဌာန RSI နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးကို တနင်္ဂနွေနေ့ (မတ်လ ၁၀ ရက်နေ့) က တစ် စိတ်တစ်ပိုင်းထုတ်လွှင့်ခဲ့ရာမှာ ပုပ်ရဟန်းမင်းကြီးက အဲဒီအင်တာဗျူးထဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“အင်အားအကောင်းဆုံးသောသူဆိုတာ အခြေအနေတွေကို သေသေချာချာ သဘောပေါက်သလို ပြည်သူတွေ ကို သတိရပြီး အလံဖြူထောင်/ စေ့စပ်ညှိနှိုင်းဖို့ သတ္တိရှိတဲ့သူကို ခေါ်တာလို့ ကျွန်တော်ထင်ပါတယ်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို နိုင်ငံတကာအင်အားကြီးနိုင်ငံတွေ အကူအညီနဲ့ ကျင်းပသင့်တယ်လို့ ထင်ပါတယ်။” လု့ိ ပုပ်ရ ဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးစကား တိုက်ရိုက်မပြောဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားဆဲဖြစ်တဲ့ အတွက် ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီးကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချ လိုက်တယ်လို့ ဆိုပါတယ်။

 

ဇီလန်စကီးက ပုပ်ရဟန်းမင်းကြီးနာမည်ကို တိုက်ရိုက်ကိုးကားပြောဆိုခြင်းမရှိပေမဲ့ ၎င်းရဲ့အကြံအစည်တွေဟာ ဘာသာရေးခေါင်းဆောင်တွေနဲ့ လုံးဝဆက်စပ်ပတ်သက်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲ သုံးနှစ်တာကာလထဲ ဝင်ရောက်လာတဲ့ လက်ရှိအချိန်မှာ ရုရှားဘက်က စစ်ရေးအသာစီးရနေပြီး ယူကရိန်းဘက်မှာတော့ ခဲယမ်းပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ အနောက်အုပ်စုထဲက ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတချို့ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်တွေကို ယူ ကရိန်းကို စေလွှတ်သွားဖို့ လိမ်မာပါးနပ်စွာ ပြောဆိုနေတာကို တွေ့ရပါတယ်။

 

ပုပ်ရဟန်းမင်းကြီးက “အလံဖြူထောင်တယ်” ဆိုတဲ့ စကားကို အင်တာဗျူးမှာ သုံးနှုန်းခဲ့တဲ့အတွက် ၎င်းအနေနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ရပ်တည်နေတယ်လို့ စွပ်စွဲခံနေရကြောင်း ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် မက်တီယို ဘရူနီက စနေနေ့က ပြောပါတယ်။

 

စစ်ပွဲတစ်လျှောက်လုံး ပုပ်ရဟန်းမင်းကြီးဟာ ကြားနေဘက်မလိုက်ဝါဒကို ကြိုးစားကျင့်သုံးခဲ့ပေမဲ့ နေတိုးအဖွဲ့ ဟာ အရှေ့ဘက်ကိုနယ်ပယ်ချဲ့ထွင်ဖို့ကြိုးစားရင်း ရုရှားတံခါးဝကို သွားခေါက်နေတယ်လို့ ပြောဆိုရင်း မကြာ ခဏဆိုသလို ရုရှားဘက်ကို စာနောကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

“စေ့စပ်ညှိနှိုင်းတယ်ဆိုတဲ့စကားလုံးဟာ သတ္တိကောင်းတဲ့စကားလုံးတစ်လုံးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံး နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ အခြေအနေတွေက ကောင်းလာတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စေ့စပ်ညှိနှိုင်း ဖို့ သတ္တိရှိရမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ လက်နက်ချတာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

နိုင်ငံတချို့အနေနဲ့လည်း ကြားဝင်ဖျန်ဖြေပေးတဲ့သူတွေအနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပုပ်ရ ဟန်းမင်းကြီးက ပြောပါတယ်။

 

“ယူကရိန်းစစ်ပွဲမှာ ကြားဝင်စေ့စပ်ပေးချင်တဲ့နိုင်ငံတွေ ရှိပါတယ်။ တူရကီနိုင်ငံက အဲဒီလို ဖျန်ဖြေပေးဖို့ ကမ်း လှမ်းခဲ့ပါတယ်။ တခြားနိုင်ငံတွေလည်း ရှိပါတယ်။ အခြေအနေတွေ ဆိုးရွားမလာခင်မှာ စေ့စပ်ညှိနှိုင်းဖို့ ရှက် စရာမလိုပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

နေတိုးအဖွဲ့ဝင်လည်းဖြစ်သလို ယူကရိန်းနဲ့ရော ရုရှားနဲ့ပါ ရင်းနှီးတဲ့ တူရကီသမ္မတရီဆက်ယေစ်အာဒိုဂန်က နှစ် နိုင်ငံကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ သောကြာ (မတ်လ ၈ ရက်) နေ့ ခရီးစဉ်မှာ သမ္မတဇီလန်စကီး ကို ကမ်းလှမ်းခဲ့ပါတယ်။

 

Ref: Pope urges Ukraine to bravely negotiate with Russia for peace

 

#PeopleMedia


Share this post