• Follow Us on
Latest News

Home ရုရှားနဲ့ အီရန်တို့ရဲ့ ရန်လိုမှုတွေကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က F-35 ဂျက်တိုက် လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတစ်စီး စေလွှတ်

ရုရှားနဲ့ အီရန်တို့ရဲ့ ရန်လိုမှုတွေကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က F-35 ဂျက်တိုက် လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတစ်စီး စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

ဆီးရီးယားနိုင်ငံမှာ ရုရှားလေသူရဲတွေ ရန်လိုနေတဲ့လုပ်ရပ်တွေကို ကာကွယ်ဖို့နဲ့ ဆီတင်သင်္ဘောတွေကို အီရန် ရေတပ်က သိမ်းပိုက်နေတာတွေကို တားဆီးနိုင်ဖို့အတွက် အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသကို ဈေးအမြင့်ဆုံး F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ ရေတပ်ဖျက်သင်္ဘောတစ်စီး စေလွှတ်သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

 

ရုရှားလေသူရဲတွေရဲ့လုပ်ရပ်ကို ဟန့်တားဖို့အတွက် ကာလတိုအလှည့်ကျတာဝန်ထမ်းဆောင်ဖို့အတွက် ပြီးခဲ့တဲ့ လက ဥရောပဒေသကနေ ဂျော်ဒန်နိုင်ငံကို F-22 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီးနောက် အခုလို F-35 ဂျက်တိုက်လေယာဉ်တွေကို အရှေ့အလယ်ပိုင်းဒေသမှာ တပ်ဖြန့်ချသွားဖို့ စီစဉ်လာတာဖြစ်ပါ တယ်။

 

F-35 ဂျက်တိုက်လေယာဉ်တွေ လမ်းခုလပ်မှာရောက်နေပြီဖြစ်ကြောင်း ပြောဆိုရင်း အရှေ့အလယ်ပိုင်းဒေသမှာ F-35 ဂျက်တိုက်လေယာဉ်တွေတပ်ဖြန့်ချထားမယ့်အကြောင်းကို တနင်္လာနေ့က ပင်တဂွန်စစ်ဌာနချုပ်သတင်း ထုတ်ပြန်ရေးအဖွဲ့ဒုတိယအတွင်းဝန် ဆာဘရီနာဆင်းက ပြောဆိုခဲ့ပေမဲ့ ဒေသတွင်းမှာ ဘယ်လောက်ကြာတဲ့အ ထိ ဆက်လက်နေထိုင်းသွားမယ်ဆိုတာကိုတော့ မပြောပါဘူး။

 

ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းက အမေရိကန်ရေတပ်ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောဖြစ်တဲ့ USS Thomas Hudner (ယူအက်စ်အက်စ်သောမတ်ဟဒ်နာ) ဟာ ဆူးအက်တူးမြောင်းကို ဖြတ်ပြီး ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေ ရိကန် အမှတ် ၅ ရေတပ်အုပ်စုဌာနချုပ်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်လေတပ်က အသစ်ရောက်ရှိလာတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ဟာ အရပ်ဘက်သင်္ဘောတွေကို စောင့်ကြည့်ပေးဖို့ ပါရှန်ပင်လယ်ကွေ့ကောင်းကင်ယံထက်မှာ ကင်းလှည့်တာ ဝန်တွေ စတင်ထမ်းဆောင်နေပါတယ်။

 

ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းကနေစပြီး ဒေသတွင်းမှာအခြေချခဲ့တဲ့ အမေရိကန်လေတပ်က A-10 Warthog တိုက် လေယာဉ်တွေကတော့ အခုလအစောပိုင်းအတွင်းမှာ ပင်လယ်ကွေ့ကောင်းကင်ယံမှာ ပုံမှန်ကင်းလှည့်တာဝန် တွေထမ်းဆောင်နေပါတယ်။

 

အဲဒီကင်းလှည့်အစီအစဉ်ဟာ ဟော်မုဇ်ရေလက်ကြားတစ်ဝိုက် အီရန်ရေတပ်က အရပ်ဘက်ဆီတင်သင်္ဘော တွေကို သိမ်းပိုက်နေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ပူးပေါင်းကင်းလှည့်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ဆိုပါတယ်။

 

အီရန်ရေတပ်ဟာ ပါရှန်ပင်လယ်ကွေ့အတွင်း ပြီးခဲ့တဲ့ ဧပြီလကတည်းက ဆီတင်သင်္ဘောသုံးစီးထက်မနည်း သိမ်းပိုက်ခဲ့ပါတယ်။

 

Ref: US sends F-35s, Navy destroyer to Middle East amid aggressive moves by Russia, Iran

 

#PeopleMedia


Share this post