• Follow Us on

Home ရုရှားနျုကလီးယားတပ်ဖွဲ့အားလုံးနီးပါး အဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း ပူတင်ပြော

ရုရှားနျုကလီးယားတပ်ဖွဲ့အားလုံးနီးပါး အဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း ပူတင်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

 

ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက်နျူုကလီးယားတပ်ဖွဲ့ ၉၅% ကို အဆင့်မြှင့်တင်ထားပြီးဖြစ်သလို ရုရှားလေတပ် ကလည်း နျူကလီးယားဗုံးကြဲနိုင်တဲ့ ဆူပါဆောနစ်ဗုံးကြဲလေယာဉ်သစ် ၄ စင်းကို မကြာသေးခင် ကပဲလက်ခံရရှိ ထားပြီးဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က သောကြာနေ့ (ဖေဖော်ဝါရီ ၂၃ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။

 

အဆင့်မြှင့်တင်ထားတဲ့ မဟာဗျူဟာမြောက် Tu-160M နျူကလီးယားဗုံးကြဲလေယာဉ်ကို လိုက်ပါစီးနင်းခဲ့ပြီး နောက် တစ်ရက်အကြာ ရုရှားနိုင်ငံရဲ့ အဖနိုင်ငံတော်ကာကွယ်ရေးနေ့ အခမ်းအနားကျင်းပစဉ် မိန့်ခွန်းထဲမှာ ပူ တင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲ နှစ်နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ ကျင်းပတဲ့ဒီပွဲမှာ ယူကရိန်းစစ်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ ရုရှား စစ်သားတွေကို “အမှန်တရားနဲ့ တရားမျှတမှု” အတွက် တိုက်ပွဲဝင်နေသူတွေအဖြစ် ရုရှားခေါင်းဆောင်ပူတင်က ချီးကျူးပြောဆိုလိုက်ပါတယ်။

 

ပူတင်ဟာ ကျဆုံးသွားတဲ့စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်မလင်နန်းတော်အောက်ဘက်မှာရှိတဲ့ စစ် သည်တော်သင်းချိုင်းမှာလည်း လွမ်းသူ့ပန်းခွေချပြီး ဂုဏ်ပြုခဲ့ပါတယ်။

 

ရုရှားနိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ နျူကလီးယားလက်နက်အားလုံးကို အဆင့်မြှင့်တင်ထားပြီးဖြစ်သလို စဉ်ဆက် မပြတ်အဆင့်မြှင့်တင်လျက်ရှိပြီး တိုက်ပွဲဝင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေကြောင်း ပူတင်က ပြောပါ တယ်။

 

“ကျွန်တော်တို့ရဲ့ စစ်မြေပြင်တိုက်ပွဲဝင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့တပ်မတော်ကို ပြန်လည် ပြင်ဆင်/အဆင့်မြှင့်တင်ခြင်းအပါအဝင် ရသမျှ နည်းလမ်းအားလုံးနဲ့ ဆက်လက်အဆင့်မြှင့်တင်သွားမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒီကနေ့အချိန်မှာ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့တွေမှာ ခေတ်မီလက်နက်တွေနဲ့ စစ်လက်နက်ပစ္စည်း တွေကို ၉၅% အဆင့်မြှင့်တင်ပြီးသွားပြီဖြစ်ပါတယ်။ ကြည်း/ရေ/လေ တပ်ဖွဲ့သုံးခုထဲမှာတော့ ရေတပ်က နျူက လီးယားလက်နက်အားလုံး ၁၀၀% နီးပါး အဆင့်မြှင်တင်ပြီးသွားပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်သစ်တွေကို အတွဲလိုက်စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ပူတင်က ပြောပေမဲ့ ဘယ်လိုစမ်းသပ်ထုတ်လုပ်နေတယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

ရေတပ်ကို နျူကလီးယားရေငုပ်သင်္ဘောသစ်တွေ ထပ်မံလွှဲပြောင်းပေးပြီးဖြစ်သလို Tu-160M မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်သစ် ၄ စင်းကိုလည်း ကြာသပတေးနေ့က လေတပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲဖြစ်နေတဲ့ကာလတစ်လျှောက်လုံး ပူတင်ဟာ အနောက်နိုင်ငံတွေကို နျူကလီးယားစွမ်းရည်တွေ အကြောင်း အကြိမ်ကြိမ်ပြောဆို သတိပေးခဲ့ပါတယ်။

 

ကြာသပတေးနေ့က သမ္မတပူတင်ကိုယ်တိုင် လိုက်ပါစီးနင်းခဲ့တဲ့ Tu-160M မဟာဗျူဟာ မြောက်ဗုံးကြဲလေ ယာဉ်ဟာ ခရုစ်ဒုံးကျည် ၁၂ စင်း ဒါမှမဟုတ် တာတိုပစ်နျူကလီးယားဒုံးကျည် ၁၂ စင်း သယ်ဆောင်နိုင်ပြီး ဆီ ပြန်မဖြည့်ဘဲနဲ့ တစ်ဆက်တည်း ကီလိုမီတာ ၁၂,၀၀၀ (မိုင် ၇,၅၀၀) အထိ ပျံသန်းနိုင်ပါတယ်။

 

Ref: Putin Says Nearly All of Russia’s Nuclear Forces Have Been Modernised

 

#PeopleMedia


Share this post