ရုရှားနျူကလီးယားဒုံးကျည် တပ်ဖြန့်ထားနိုင်တဲ့နေရာသစ် အမေရိကန်သုတေသီနှစ်ဦးတွေ့ရှိဟုဆို
PUBLISHED - September 3, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ရုရှားနိုင်ငံထဲမှာ 9M370 Burevestnik (ဘူရီဗက်စ်စညက်) နျူကလီးယားဒုံးကျည် တပ်ဖြန့်ချထားနိုင်ခြေရှိတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း အမေရိကန်သုတေသီနှစ်ဦးက ပြောကြားလိုက်ပါတယ်။
နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်တဲ့ အဲဒီ 9M370 Burevestnik ဒုံးကျည်ဟာ ရန်သူကြားဖြတ်တိုက်ခိုက် နိုင်စွမ်းမရှိတဲ့ဒုံးကျည်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင် အမွှမ်းတင်ပြောကြားထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်။
နေတိုးအဖွဲ့က SSC-X-9 Skyfall လို့ အမည်ပေးထားတဲ့ အဲဒီ 9M370 Burevestnik ဒုံးကျည်ဟာ အကွာအဝေး အကန့်အသတ်မရှိ ပစ်ခတ်နိုင်ပြီး အမေရိန်ကဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားနိုင်တယ်လို့ ပူတင်က ပြောပါတယ်။
အရပ်ဘက်ဂြိုဟ်တုကုမ္ပဏီတစ်ခုဖြစ်တဲ့ Planet Labs ကုမ္ပဏီက ဇူလိုင်လ ၂၆ ရက်နေ့မှာ ဂြိုဟ်တုဓာတ်ပုံတွေ ရိုက်ကူးခဲ့ရာမှာ အမေရိကန်သုတေသီနှစ်ဦးက အဆိုပါနေရာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Vologda-20 နဲ့ Chebsara လို့ခေါ်တဲ့ နျူကလီးယားထိပ်ဖူးသိုလှောင်ရုံ အနီးနားက ဆောက်လုပ်ရေးစီမံချက် လုပ်ငန်းခွင်တစ်ခုကို အဆိုပါ သုတေသီနှစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး နျူကလီးယားလက်နက် တပ်ဖြန့်ချထား မယ့်နေရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနျူကလီးယားထိပ်ဖူးသိုလှောင်ရုံက မော်စကိုမြို့ရဲ့ မြောက်ဘက် ၂၉၅ မိုင် (၄၇၅ ကီလိုမီတာ) အကွာအ ဝေးမှာ ရှိပါတယ်။
9M370 Burevestnik ဒုံးကျည် စွမ်းရည်ကို သမ္မတပူတင်က အမွှမ်းတင်ပြောဆိုထားပေမဲ့ အနောက်တိုင်းကျွမ်း ကျင်သူတချို့ကတော့ အဲဒီဒုံးကျည်ဟာ ရုရှားမှာ မရှိတဲ့စွမ်းရည်တွေကို ထပ်မံဖြည့်တင်းပေးမယ့် ဒုံးကျည်မ ဟုတ်ဘူးလို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
တနင်္လာနေ့ကတော့ ရုရှားတပ်ဖွဲ့ဝင်တွေ ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူတစ် ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒီနီပရိုပက်ထရိုဗက်စ်ခ် ဒေသအုပ်ချုပ်ရေးမှူး ဆာဟီယေလေဆက်က ပြောပါတယ်။
ဒါ့အပြင် ယူကရိန်း အရှေ့မြောက်ဒေသမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာလည်း ယူက ရိန်း ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
Ref: Launch site of Putin’s new ‘invincible’ nuclear missile ‘uncovered’ north of Moscow
#PeopleMedia