ရုရှားပိုင်ဆိုင်မှုတွေကိုသိမ်းပြီး ယူကရိန်းပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုသွားမှာဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဘလင်ကန်ပြော
PUBLISHED - May 15, 2024
နိုင်ငံတကာ၊ မေ ၁၅
အမေရိကန်နိုင်ငံထဲမှာရှိတဲ့ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အမေရိကန်အစိုးရမှာ လုပ်ပိုင်ခွင့်အာ ဏာရှိပြီး အဲဒီရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုသွားမှာဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကိယက်ဗ်မြို့ခရီးစဉ်မှာ ပြောကြားလိုက်ပါ တယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ၎င်းဖျက်ဆီးခဲ့တဲ့ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ပေးဆပ် ရမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီလို့လည်း ၎င်းကပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ရေးအကူအညီတွေ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း ဘလင်ကန်က ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးကို အစောပိုင်းကတည်းက ပြောပါတယ်။
“ပူတင်ဖျက်ဆီးခဲ့တာတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ရုရှားနိုင်ငံက ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါက နိုင်ငံ တကာဥပဒေအရ တောင်းဆိုတာဖြစ်ပါတယ်။ ပြီးတော့ ဒီပေးဆပ်မှုဟာ ယူကရိန်းပြည်သူတွေ ခံစားသင့်ခံစား ထိုက်တဲ့ ထိုက်တန်မှုလည်းဖြစ်ပါတယ်။” လို့ မစ္စတာဘလင်ကန်က ကိယက်ဗ်ြ့မို့က ပိုလီနည်းပညာတက္ကသိုလ် မှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားသွားပါတယ်။
“အမေရိကန်နိုင်ငံထဲမှာရှိတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ကျွန်တော်တို့ ကွန်ဂရက်လွှတ်တော်က ကျွန် တော်တို့ကို အခွင့်အာဏာပေးထားပါတယ်။ အဲဒီ အခွင့်အာဏာကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။” လို့ ၎င်း က ပြောပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ အမေရိကန်တို့ပါဝင်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ (G7) က လည်း ဒေါ်လာဘီလျံပေါင်းများစွာ ထုတ်ပေးနိုင်ပြီး အချိန်က ပူတင်ဘက်မှာ မရှိတော့ကြောင်း ဘလင်ကန်က ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်စဉ်ကတည်းက ဥရောပတစ်လွှားရှိ ရုရှားပိုင်ဆိုင်မှု ယူရိုငွေ ၂၁၁ ဘီလျံ (ပေါင် ၁၈၁ ဘီလျံ) ကို ထုတ်ယူခွင့်ရပ်ဆိုင်းထားပါတယ်။ မစ္စတာဘလင်ကန်ဟာ ပိုလန်နယ်စပ်ကနေ အိပ်ခန်းပါ ရထားခရီးစဉ်ကို ကိုးနာရီကြာစီးနင်းပြီးနောက် ယူကရိန်း နိုင်ငံ ကိယက်ဗ်မြို့ကို အင်္ဂါနေ့ (မေလ ၁၄ ရက်နေ့) က ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Ref: Russia must pay for Ukraine rebuild, Blinken says
#PeopleMedia