• Follow Us on
Latest News

Home ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ

Share this post

နေပြည်တော်၊ မတ် ၂၀

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ ဖိတ်ကြားမှုအရ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း၏ စီစဉ်ပေးမှုဖြင့် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရှရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှား နိုင်ငံအတွင်း မီဒီယာ ပိုင်းဆိုင်ရာပူးပေါင်းလေ့လာရေးများ ဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြသည်။

 

အဆိုပါ မြန်မာမီဒီယာအဖွဲ့သည် ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက် ပွဲကာလအတွင်း  ရွေးကောက်ပွဲ စည်းကမ်းထိန်းသိမ်းရေးဌာနချုပ်သို့ သွားရောက်၍ ရွေးကောက်ပွဲမဲပေးမှုအခြေအနေအား ကြီးကြပ်ကွပ်ကဲနေ မှုများအား လေ့လာ ရိုက်ကူးမှတ်တမ်းတင်ခြင်း၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ဒူးမားလွှတ် တော်မှ ဥက္ကဋ္ဌဖြစ်သူ Mr. Alexsey Valerievich Shaposhnikovနှင့် တွေ့ဆုံ မေးမြန်းခြင်း၊ ရွေးကောက်ပွဲစည်းကမ်း ထိန်းသိမ်းရေးဌာနချုပ်အတွင်း အွန်လိုင်း မဲပေးစနစ်နှင့် မဲပေးနေမှုများအား စောင့်ကြည့်ထိန်းသိမ်းထားမှု၊ မော်စကိုမြို့ အတွင်းမဲပေးလျက်ရှိသောမဲရုံများအား စောင့်ကြည့်နေမှု၊ အီလက်ထရောနစ် စနစ်နှင့် မဲပေး သည့်စက်များနှင့် မဲပေးပုံနည်းစနစ်များ လေ့လာခြင်း၊ မော်စကိုမြို့ အတွင်းရှိ မဲရုံအမှတ်(၄၁၀)နှင့် (၄၀၂) တို့တွင် ဒေသခံပြည်သူများကိုယ်တိုင် မဲပေး သည့်စနစ်နှင့် မဲပေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာ၍ မဲရုံများမှ တာဝန်ရှိသူများနှင့် လာရောက်မဲပေးကြသူများအား တွေ့ဆုံမေးမြန်းခြင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို အပါအဝင် နိုင်ငံတကာမှ ရွေးကောက် ပွဲလေ့လာသူများအား တွေ့ဆုံမေးမြန်းခြင်း၊ ဒူးမားအထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Mr. Sholban Kara-ool နှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒဿမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒဿမ ၃၁ ရာခိုင်နှုန်း၊  Vladislav Andreevich Davankov က ၃ ဒဿမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutskyက ၃ ဒဿမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိကြောင်း နှင့် Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလာဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတအဖြစ် နောက်ထပ် ၅ နှစ်သက်တမ်း ကို ဆက် လက်ထမ်းဆောင်ခွင့်ရရှိသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post