• Follow Us on
Latest News

Home ရုရှားမဟာဓာတ်အားလိုင်းကနေ ခွဲထွက်ဖို့ ဘော်လတစ်သုံးနိုင်ငံ ကြိုးပမ်းနေ

ရုရှားမဟာဓာတ်အားလိုင်းကနေ ခွဲထွက်ဖို့ ဘော်လတစ်သုံးနိုင်ငံ ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇

 

ဘော်လတစ်သုံးနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ်ထက် နောက်မကျဘဲ ရုရှားနိုင်ငံက မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အားယူနေတာတွေကို ဖြတ်တောက်ဖို့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံ တွေကဝန်ကြီးချုပ်တွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့ (သြဂုတ်လ ၃ ရက်နေ့) က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း အက်စ်တိုးနီးယားအစိုးရက သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံရော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရောဖြစ်တဲ့ ဘော်လတစ်သုံးနိုင်ငံဟာ ရုရှားနဲ့ ဘယ်လာ ရုစ်နိုင်ငံတို့ပါဝင်တဲ့ BRELL (ဘယ်လာရုစ်၊ ရုရှား၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား) လျှပ် စစ်ဓာတ်အားအုပ်စုထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

 

ဘော်လတစ်သုံးနိုင်ငံဟာ BRELL လျှပ်စစ်ဓာတ်အားအုပ်စုထဲကနေ နုတ်ထွက်ပြီး ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ ENTSO-E ခေါ် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးစနစ်အော်ပရေတာ ဥရောပကွန်ရက် (European Network of Transmission System Operators for Electricity – ENTSO-E) နဲ့ ပိုလန်ကတစ်ဆင့် ပြောင်းလဲချိတ် ဆက်သွားဖို့ ၂၀၁၈ ခုနှစ်က သဘောတူခဲ့ကြပါတယ်။

 

ဥရောပသမဂ္ဂရဲ့ခွင့်ပြုချက်နဲ့အတူ ၂၀၀၈ ခုနှစ်မှာထူထောင်ခဲ့တဲ့ ENTSO-E ကွန်ရက်ဟာ အခုအချိန်မှာ ဥရောပ သမဂ္ဂနယ်စပ်ကနေ နောက်ထပ် နိုင်ငံပေါင်း ၃၅ နိုင်ငံအထိ တိုးချဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

“အချိန်ကိုက်တစ်ပြိုင်တည်းလှုပ်ရှားရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတို့ ဘော်လတစ်နိုင်ငံတွေအတွက် အ ရေးကြီးပါတယ်။ ကျွန်မတို့တွေ တတ်နိုင်သမျှ အမြန်ဆုံး ရုရှားရဲ့ BRELL လျှပ်စစ်ဓာတ်အားအုပ်စုထဲက နေ နုတ်ထွက်ဖို့ ဝန်ကြီးချုပ်တွေနဲ့ ကျွန်မ သဘောတူညီခဲ့ပါတယ်။” လို့ အက်စ်တိုးနီးယား ဝန်ကြီးချုပ် ကာယာကာ လက်စ်က ပြောပါတယ်။

 

ဘော်လတစ်သုံးနိုင်ငံဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကာလလောက်မှာ နည်းပညာစွမ်းရည်တွေရရှိမှာဖြစ်ကြောင်း ဘော်လတစ်လျှပ်စစ်ဓာတ်အားထပ်ဆင့်ထုတ်လွှင့်ရေးစနစ်အော်ပရေတာ (TSOs) အဖွဲ့ရဲ့က ခန့်မှန်းတွက်ချက် ထားပြီး အဲဒီကာလကိုရောက်ရှိဖို့ အကြမ်းဖျဉ်းတစ်နှစ်ဝန်းကျင်လောက်သာလိုမှာဖြစ်ကြောင်း ကာလက်စ်က ပြောပါတယ်။

 

အဲဒီကာလမတိုင်ခင် ဘော်လတစ်နဲ့ ပိုလန်နိုင်ငံရဲ့ (TSOs) အဖွဲ့က ဘော်လတစ်နိုင်ငံတွေ ဓာတ်အား ပြတ် တောက်မှုနဲ့ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ဖို့အတွက် ၎င်းတို့ရဲ့လျှပ်စစ်ဓာတ်အားစနစ်ကို ဆက်လက်ပေးပို့သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ရုရှားအစိုးရထိန်းချုပ်ထားတဲ့ BRELL လျှပ်စစ်ဓာတ်အားကွန်ရက်ကို မှီခိုအားထားနေရတာဟာ အနာဂတ်မှာ ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရနိုင်ကြောင်း ဘော်လတစ်နိုင်ငံတွေက အကြိမ်ကြိမ် ပြောပါတယ်။

 

ရုရှားအစိုးရက ဘော်လတစ်သုံးနိုင်ငံကို လျှပ်စစ်ဓာတ်အားချက်ချင်း ဖြတ်တောက်ခဲ့မယ်ဆိုရင် ဘော်လတစ် နိုင်ငံတွေကို ENTSO-E ကွန်ရက်ထဲကို ထည့်သွင်းသွားဖို့ အဆင့်ရှိနေတယ်လို့ ဥရောပ မဟာဓာတ်အားလိုင်း အော်ပရေတာတွေက ပြောဆိုကြောင်း ဇွန်လနှောင်းပိုင်းမှာ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။

 

Ref: Baltic States seek to disconnect from Russian power grid

 

#PeopleMedia


Share this post