• Follow Us on

Home ရုရှားမှာ မြောက်ကိုရီးယားတပ်တွေရောက်နေတာကို စောင့်ကြည့်မနေဘဲ အရေးယူဆောင်ရွက်ဖို့ မဟာမိတ် နိုင်ငံတွေကို ဇီလန်စကီးပြော

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေရောက်နေတာကို စောင့်ကြည့်မနေဘဲ အရေးယူဆောင်ရွက်ဖို့ မဟာမိတ် နိုင်ငံတွေကို ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂

 

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ယူကရိန်းစစ်ပွဲမှာဝင်မတိုက်ခင် စောင့်ကြည့်နေတာတွေ ရပ်တန်းကရပ်ပြီး အရေး ယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ မဟာမိတ်နို်င်ငံတွေကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက တောင်းဆိုလိုက် ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ စစ်ရေးစွမ်းရည်၊ ဒုံးကျည်ထုတ်လုပ်မှု၊ လက်နက်ထုတ်လုပ်မှုတွေမှာ တိုးတက်နေတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာ ခေတ်သစ်စစ်ပွဲကနေ သင်ယူတော့မှာဖြစ်ကြောင်း ဇီလန်စကီးက တယ်လီဂရမ်က ဗီဒီယိုဖိုင်တစ်ခုမှာ ပြောပါတယ်။

 

“ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ယူကရိန်းနယ်စပ်အနီးမှာ ရောက်ရှိနေပြီဖြစ်ပါ တယ်။ ယူကရိန်းတွေကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ထပ်မံကာကွယ်ရပါဦးမယ်။ ကမ္ဘာကြီးကတော့ နောက်ထပ် တစ်ကြိမ် စောင့်ကြည့်ကြပါလိမ့်ဦးမယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်တွေရဲ့ တပ်တည်တွေအားလုံးကို အတိအ ကျ ရှာဖွေဖော်ထုတ်ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီမြောက်ကိုရီးယားတွေကို တိုက်ခိုက်ဖို့အတွက် တာဝေးပစ်လက်နက်တွေကို အနောက်မဟာမိတ် နိုင်ငံတွေက မထောက်ပံ့ခဲ့ဘူးလို့ ၎င်းက ပြောပါတယ်။

 

“အဲဒီလို လိုအပ်တဲ့ တာဝေးပစ်လက်နက်တွေ ထောက်ပံ့ရမယ့်အစား အမေရိကန်က စောင့်ကြည့်နေတယ်။ ဗြိတိန်လည်းစောင့်ကြည့်နေတယ်။ ဂျာမနီကလည်း စောင့်ကြည့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားစစ်ပွဲ ဒီ့ပိုမိုကျယ်ပြန့်လာတာကို အမှန်တကယ် မမြင်ချင်တဲ့ ကမ္ဘာပေါ်က လူတိုင်းက စောင့်ကြည့်နေရမှာ မဟုတ်ပါဘူး။ အလုပ်လုပ်ရမှာပါ။ စစ်ရှိန်မြင့်တက်လာမှာကို မလိုလားဘူးလို့ ပြောနေတဲ့ စကားလုံးတွေဟာ အလုပ်နဲ့ ထပ်ထူကျဖို့လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သုံးမိနစ်ဝန်းကျင်ကြာတဲ့ အဲဒီဗီယိုဖိုင်လေးထဲမှာ ဇီလန်စကီးရဲ့ပြောစကားတွေနဲ့အတူ စစ်ဖြစ်နေတဲ့ပုံတွေ၊ ကုလသမဂ္ဂပုံနဲ့ မြောက်ကိုရီးယားစစ်သားပုံတွေ၊ ဒုံးကျည်ပစ်ခတ်နေတဲ့ပုံတွေကိုပါ ထည့်သွင်းဖော်ပြထားပါ တယ်။

 

သြဂုတ်လအတွင်းက ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ထားတဲ့ ရုရှားတောင်ပိုင်း ကာ့စ်ခ်ဒေသမှာရောက် ရှိနေတဲ့ အင်အား ၈,၀၀၀ အပါအဝင် ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ ဝန်းကျင်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ကြာသပတေးနေ့က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်မရမချင်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ရုရှားကို ထောက်ခံကြောင်း မြောက်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗရော့ကို သောကြာနေ့က ပြောပါ တယ်။

 

Ref: Ukraine’s Zelenskiy Urges Allies to Stop Watching, Start Acting on North Korea

 

#PeopleMedia


Share this post