• Follow Us on
Latest News

Home ရုရှားမှာ လက်ခံကျင်းပမယ့် BRICS အစည်းအဝေးကို အနောက်ကမ္ဘာမဟုတ်တဲ့အင်အားစုအဖြစ် ပူတင် ထုတ်ဖော်ပြသချင်

ရုရှားမှာ လက်ခံကျင်းပမယ့် BRICS အစည်းအဝေးကို အနောက်ကမ္ဘာမဟုတ်တဲ့အင်အားစုအဖြစ် ပူတင် ထုတ်ဖော်ပြသချင်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂

 

ရုရှားနိုင်ငံက BRICS အဖွဲ့ (ဘရာဇီး၊ ရုရှား၊ အိန္ဒိိယ၊ တရုတ်နဲ့ တောင်အာဖရိက) အစည်းအဝေးကို အနောက် ကမ္ဘာမဟုတ်တဲ့နိုင်ငံတွေရဲ့ စုစည်းညီညွတ်မှုနဲ့ သြဇာလွှမ်းမိုးမှုအဖြစ် ထုတ်ဖော်ပြသချင်ပေမဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ အာရပ်နိုင်ငံတွေက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းရှာဖွေဖို့ သမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်းနေကြပါတယ်။

 

BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၅% ရှိပြီး ၎င်းတို့အဖွဲ့ရဲ့ စီးပွားရေး စွမ်းအားတစ်ဝက် ကျော်ဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးဖြစ်နေပေမဲ့ အဖွဲ့ရဲ့ စီးပွားရေး ၃၅% ဟာ ဝယ်လိုအားတန်းတူရည်တူခံစား ခွင့်ပေါ်မှာ အခြေခံထားတယ်လို့ ဆိုပါတယ်။

 

BRICS အဖွဲ့ဟာ ဘယ်နိုင်ငံကိုမှ ဆန့်ကျင်ဖို့ဖွဲ့စည်းထားတာမဟုတ်ဘဲ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ရေးမောင်းနှင် အားတွေထဲက ရိုးရှင်းတဲ့ အပြောင်းအလဲတစ်ခုအဖြစ် ဖွဲ့စည်းထားတာဖြစ်ကြောင်း အနောက်အုပ်စုက စစ်ရာ ဇဝတ်ကောင်အဖြစ် ကင်ပွန်းတပ်ထားတဲ့ ပူတင်က BRICS အဖွဲ့ဝင်နိုင်ငံတွေက သတင်းထောက်တွေကို ပြောပါ တယ်။

 

“ဒီအဖွဲ့ဟာ ဘုံတန်ဖိုးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘုံရည်မှန်းချက်နဲ့ အထူးသဖြင့် တစ်နိုင်ငံချင်းစီရဲ့ အကျိုး စီးပွားကို ထည့်သွင်းစဉ်းစားတဲ့ မူဝါဒကို အခြေခံပြီးမှ အတူတကွ ပေါင်းစပ်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းမှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ကြားက ဝါရှင်တန်မှာ ကမ္ဘာ့ဘဏ္ဍာရေးခေါင်း ဆောင်တွေ တွေ့ဆုံနေစဉ်အတွင်း BRICS အစည်းအဝေးကို ကျင်းပသွားမှာဖြစ်ပါတယ်။

 

အဲဒီစစ်ပွဲတွေကြောင့် တရုတ်စီးပွားရေးကို ထိခိုက်သလို အမေရိကန်ရွေးကောက်ပွဲကတစ်ဆင့် ကုန်သွယ်ရေး စစ်ပွဲသစ်တွေကိုလည်း အစပျိုးလိုက်နိုင်ဖွယ်ရာရှိတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းအရှေ့ပိုင်းမှာ ၈ နှစ်ကြာ စစ်ပွဲဆင်နွှဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံထဲကို တပ်တွေအလုံး အရင်းစေလွှတ်ပြီး ကျူးကျော်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့ ပူတင်ကို ယူကရိန်းနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးအ လားအလာ ဖြစ်လာနိုင်စရာရှိသလားလို့ BRICS အဖွဲ့ဝင်နိုင်ငံတွေက သတင်းထောက်တွေက မေးပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ တချို့နေရာတွေ ရုရှားထိန်းချုပ်မှုအောက် မရောက်သေးတာတောင်မှ အခုအချိန်မှာ ရုရှား ပိုင်နယ်မြေအစိတ်အပိုင်းတွေဖြစ်နေပြီဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်းက ဒေသလေးခုကို စွန့်လွှတ်မှာမဟုတ်သလို ဥရောပဒေသအတွက် ရေရှည်လုံခြုံရေးအကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း ပူတင်က ပြန်လည်ဖြေဆိုပါတယ်။

 

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် မော်စကိုမှာ ဆွေးနွေးမှုတွေ တိုးမြှင့်ကျင်းပနေပေမဲ့လည်း အခုအချိန်အထိ ခိုင်မာမှုမရှိသေးသလို ကမ္ဘာကြီးကလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေကြကြောင်း ရုရှားသတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

 

၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ယူကရိန်းနိုင်ငံရဲ့ ငါးပုံတစ်ပုံ ဝန်းကျင်ကို ထိန်းချုပ်ထားတဲ့ရုရှားဟာ ဒွန်းညက်နဲ့ လူးဟန့်ခ်ဒေသတွေပါဝင်ပြီး ကျောက်မီးသွေးနဲ့ သံမဏိ အဓိကထွက်ရှိ တဲ့ ဒွန်းဘက်စ်ဒေသရဲ့ ၈၀% ဝန်းကျင်နဲ့ ဇာပိုရီဇာဇီးယားဒေသနဲ့ ခါဆွန်ဒေသတွေရဲ့ ၇၀% ကျော်ကို သိမ်း ပိုင်ထိန်းချုပ်ထားပါတယ်။

 

Ref: Putin hosts BRICS summit in Russia under shadow of Ukraine war

 

#PeopleMedia


Share this post