• Follow Us on

Home ရုရှားရန်ကိုကာကွယ်ဖို့အတွက် ဗြိတိန်လက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းထားဖို့လိုကြောင်း ကြည်းတပ်စစ်ဦးစီးချုပ်ဟောင်းပြော

ရုရှားရန်ကိုကာကွယ်ဖို့အတွက် ဗြိတိန်လက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းထားဖို့လိုကြောင်း ကြည်းတပ်စစ်ဦးစီးချုပ်ဟောင်းပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

ဗြိတိန်နိုင်ငံအနေနဲ့ မလွှဲမရှောင်သာ ရုရှားနဲ့ စစ်ဖြစ်လာရင် ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့အတွက် ကုန်ဆုံးသွားတဲ့ ခဲယမ်းတွေကို ချက်ချင်းပြန်လည်ဖြည့်တင်းဖို့ လိုအပ်ကြောင်း ဗြိတိန်ကြည်းတပ်စစ်ဦးစီးချုပ်ဟောင်းက ပြော ကြားလိုက်ပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ လက်နက်ခဲယမ်းတွေ ဖြည့်တင်းမထားရင် လာမယ့်ငါးနှစ်အတွင်း ရုရှားနဲ့ စစ်ဖြစ်တဲ့အချိန်မှာ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ဗြိတိန်ကြည်းတပ်စစ်ဦးစီးချုပ်ဟောင်း ပက်ထရစ်ဆန်း ဒါးစ်က Money Maze ရုပ်သံအစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ရုရှားနဲ့ စစ်ဖြစ်လာခဲ့ရင် တိုင်းပြည်ကို ကာကွယ်နိုင်ဖို့အတွက် ဗြိတိန်ကြည်းတပ်မှာ စစ်သည်ဦးရေ တိုးမြှင့် စု ဆောင်းဖို့ကိုလည်း ၎င်းက ထပ်မံပြောကြားပါတယ်။

 

ရုရှားအစိုးရကလည်း ယူကရိန်းမှာ အလျင်အမြန်အောင်ပွဲခံနိုင်ဖို့ ရည်မှန်းချက်ထား ကြိုးစားနေသလို တရုတ် ကလည်း ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် တရုတ်စစ်တပ်ကို အသင့်ပြင်ထားဖို့လို တယ်ဆိုတာ ပြောကြားခဲ့ကြောင်း၊ အခုလို ပြောကြားမှုတွေဟာ ၂၀၂၈ ခုနှစ် ဒါမှမဟုတ် အဲဒီဝန်းကျင်လောက် မှာ အန္တရာယ်ရှိတယ်လု့ိ အချက်ပြနေတာဖြစ်ကြောင်း ဆန်းဒါးစ်က ပြောပါတယ်။

 

“အဲဒီအန္တရာယ်တွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျွန်တော်တို့ တိုက်ပွဲဝင်အသင့်ဖြစ်နေ အောင်ပြင်ဆင်ထားဖို့၊ ဒီဆယ်စုနှစ်အတွင်းမှာ အဲဒီစစ်ပွဲတွေ ဖြစ်မလာအောင် တားတီးကာကွယ်ဖို့ပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ဒုံးကျည်ရန်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အားနည်းနေတယ်လို့ ထင် တဲ့အတွက် ဒုံးကျည်လက်နက်တိုက်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အချိန်ကတည်းက ဒီကနေ့အချိန်အထိ ပေါင် ငွေ ၇.၆ ဘီလျံ (ဒေါ်လာ ၁၀ ဘီလျံ) ကျော် စစ်ရေးအကူအညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။

 

ယူကရိန်းကို အများအပြားထောက်ပံ့လိုက်တဲ့အတွက် ဗြိတိန်ကြည်းတပ်ရဲ့ စစ်ဆင်ရေးစွမ်းရည် သိသိသာသာ လျော့ကျသွား ရာမှာ လက်ရှိအချိန်မှာ ကြည်းတပ်မှာ တိုက်ပွဲဝင်နိုင်တဲ့ Challenger 2 တင့်ကား ၁၅၇ စီးသာရှိ တော့ကြောင်း ဗြိတိန်လွှတ်တော်အမတ်တချို့က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ဗြိတိန်တပ်မတော်ထဲကို ဝင်တဲ့သူထက် ထွက်တဲ့သူက ပိုမိုများပြားနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနအစီရင်ခံစာမှာ ဖော်ပြထားပြီး ဗြိတိန်စစ်တပ်ဟာ တပ်သားသစ်စုဆောင်းရေးပြဿနာတွေနဲ့လည်း နပမ်းလုံးနေရပါတယ်။

 

“ကျွန်တော်တို့တပ်မတော်ကို လိုအပ်တဲ့အရွယ်အစားအတိုင်း စီမံအုပ်ချုပ်ပြီး လည်ပတ်နိုင်အောင်လုပ်ဖို့ လိုပါ တယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့လိုသလို ကြည်းတပ်အင်အားကိုလည်း ပြန်လည် တိုးချဲ့နိုင်ဖို့လိုတယ်။ ဒါတွေအားလုံး ဆောင်ရွက်ဖို့အတွက် ငါးနှစ်နဲ့ ဆယ်နှစ်ကြားမှာပဲ အချိန်ရမှာဖြစ်တယ်။” လို့ ဆန်းဒါးစ်က ပြောပါတယ်။

 

Ref: UK Needs to Regrow Stockpiles to Prevent War with Russia: Former Chief

 

#PeopleMedia


Share this post